ဈေးကွက်မရောက်မီ ကွင်းဆင်းစစ်ဆေး အသိပညာပေး

Powered by Drupal

    ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်အတွင်း စားသုံးသူများအနေဖြင့် အစားအသောက်များ ဝယ်ယူ စားသုံးရာတွင် ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ပြည်တွင်း၌ ကုန်စည်ထုတ်လုပ်သည့် လုပ်ငန်းများ/ စက်ရုံများ/ကုမ္ပဏီများအား စားသုံးသူများကို ဘေးအန္တရာယ်ကင်းရှင်းမှုမရှိသော၊ ကျန်းမာရေးနှင့် ညီညွတ်မှုမရှိသော၊ အရည်အသွေးမပြည့်မီသော ကုန်စည်များရယူသုံးစွဲခြင်းမှ ကာကွယ်ပေးရန် ရည်ရွယ် ၍ ၁၄-၈-၂၀၂၆ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ‌‌ ဦးဇေယျာအောင် (ခရိုင်ဦးစီးမှူး)ဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများ၊ အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ပူးပေါင်းကာ မြစ်ကြီးနားမြို့၊ ခေမာသီရိရပ်ကွက်ရှိ ကိတ်နှင့် မုန့်မျိုးစုံလုပ်ငန်းနှင့် မြေမြင့်ရပ်ကွက်ရှိ သောက်ရေသန့်ထုတ်လုပ်သည့် လုပ်ငန်းများသို့ ဈေးကွက် မရောက်မီ ကွင်းဆင်းစစ်ဆေးပြီး လုပ်ငန်းရှင်များအား အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ဦးစီးမှူးက လုပ်ငန်းရှင်များအား မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉  ပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာ ဆောင်ရွက်ရမည့်အချက်များအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ စီးပွားရေးလုပ်ငန်းရှင်၏  အဓိပ္ပါယ်နှင့် တာဝန်(၁၁)ချက်အကြောင်း၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရမည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများ အကြောင်း၊ စားသုံးသူသည် ကုန်စည်ကိုအသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တာဝန်ရှိမှုအခြေအနေများနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြစ်မှု၊ ပြစ်ဒဏ်အကြောင်းတို့အား  အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)