သထုံမြို့နယ်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်

Powered by Drupal

          ၁၄.၈.၂၀၂၆ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူး ဦးအောင်ကျော်မင်း၊ မြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းနှင့် ဝန်ထမ်းများသည်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ သထုံမြို့နယ်၊ လိပ်အင်းရပ်ကွက်၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များအား ဦးစွာပြောကြား၍ ကုန်စည်၊ ဝန်ဆောင်မှုများအကြောင်း၊ ကုန်အညွှန်းအမှတ်အသားများနှင့် စပ်လျဉ်း၍ သိကောင်းစရာ များကိုဟောပြောဆွေးနွေးပြီး စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ လုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားမှန်ကန်စွာရှိစေရေးနှင့် အွန်လိုင်းမှ ဈေးဝယ်ယူရာ တွင် မည်သည့်အချက်အလက်များအား သတိထား၍ဝယ်ယူရမည်ဆိုသည်များကို အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပြီးနောက် ကျောင်းအုပ်ဆရာကြီးအား စားသုံးသူရေးရာ အသိပညာပေးလက်ကမ်းစာစောင်များ ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA (မွန်)