
စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ၏လမ်းညွှန်မှုဖြင့် မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ဦးစားပေးရွှေးချယ်ထားသည့် ကုန်စည်၊ ဝန်ဆောင်မှုများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း အနေဖြင့် အစားအသောက် ရောင်းချသည့် ဝန်ဆောင်မှုဖြစ်သော စားသောက်ဆိုင်များ၊ အစားအသောက် ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်မာရေး ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူပေါင်း၍ ရမည်းသင်း၊ပျော်ဘွယ်နှင့် ဝမ်းတွင်းမြို့နယ်အတွင်း ရှိ စားသောက်ဆိုင်(၁၀) အား ၂၀၂၆ ခုနှစ်၊ ဇူလိုင်လတွင်ကွင်းဆင်း၍ လုပ်ငန်းရှင်နှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပြုပြင်ရောင်းချမှုတွင်သန့်ရှင်းသပ်ရပ်မှုရှိ/မရှိ၊ အစား အသောက် များ သန့်ရှင်းလတ်ဆက်မှု ရှိ/မရှိ၊ဝန်ဆောင်မှုပေးသူများ တစ်ကိုယ်ရည် သန့်ရှင်းမှု ရှိ/မရှိပေးအပ်သည့် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများအား လုံလောက်သည့်သတင်း အချက်အလက်များကို အသိပေးခြင်းရှိ/မရှိ၊ ဝန်ဆောင်မှုပေးအပ်သည့် အဖိုးအခမည်မျှ ကောက်ခံသွားမည်ကို ကြိုတင်အသိပေး ဖော်ပြထားခြင်းရှိ/မရှိ၊ ဝန်ဆောင်မှုပေးအပ်သည့် အဖိုးအခ ကောက်ခံခြင်းရှိ/မရှိ၊ ဈေးနှုင်း (Menu) ကဒ် ထားမှုရှိ/မရှိ၊ လုပ်သားများ ဆေးစစ်ထားမှုရှိ/မရှိ၊ ကုန်ကြမ်းများသန့်ရှင်းလတ်ဆတ်မှုနှင့် ဘေးအန္တ ရာယ်ကင်းရှင်းမှုရှိ/မရှိ၊ အသား၊ငါးသိုလှောင်တဲ့ အခြေအနေ (ရေခဲသေတ္တာ၊ စားဖိုဆောင်စသဖြင့်) သန့်ရှင်သပ်ရပ်မှုရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
DOCA(မန္တလေး)
