
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်း တောင်းမြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်း(ဒု-ဦးစီးမှူး)သည် တိုင်းရင်းဆေးကုဌာန၊ ကျောင်းကျန်းမာ ရေးအဖွဲ့တို့နှင့်အတူ(၁၀.၈.၂၀၂၆) ရက်နေ့၊ နေ့လယ် (၁၂:၃၀)နာရီအချိန်တွင် ကျောက်ပန်းတောင်းမြို့ စံပြအခြေခံပညာမူလတန်းကျောင်းရှိ ပညာသင်ကြားလျက်ရှိသော ကျောင်းသား/ကျောင်းသူများ ကုန်စည်များနှင့်ပတ်သက်၍ လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့အတွက် ကျောင်းမုန့်ဈေးတန်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြပါသည်။
ပူးပေါင်းအဖွဲ့သည် ကျောင်းမုန့်ဈေးဆိုင်များတွင် ရောင်းချလျက်ရှိသော ကုန်စည်များ နှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနထောက်ခံချက်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်အမျိုး အစားအလိုက် ဖော်ပြပါဝင်ရမည့် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများပြည်စုံမှန်ကန် မှုရှိ/မရှိ၊ သတ်မှတ်ချက်များနှင့်မညီသော၊ ဘေးအန္တရာယ်ဖြစ်စေနိုင်သော အစားအစာများ၊ အသုံး အဆောင်များနှင့်ကစားစရာများအား ရောင်းချမှုရှိ/မရှိနှင့် သက်ဆိုင်ရာဌာနမှ စားသုံးရန်နှင့်သုံးစွဲရန် မသင့် ထုတ်ပြန်ထားသော ကုန်စည်များရောင်းချမှုမရှိစေရေး စစ်ဆေးမှုများဆောင်ရွက်ခဲ့ပြီး အရောင်း ဆိုင် တာဝန်ရှိသူများအား ကျောင်းသား/ကျောင်းသူများသည် နုငယ်သူများဖြစ်၍ အစားအသောက်များ နှင့်ပတ်သက်ပြီး ပို၍အလေးထားရမည်ဖြစ်သည့်အတွက် မိမိတို့၏ သားသမီးများကဲ့သို့ စိတ်သဘော ထား၍ သန့်ရှင်းကောင်းမွန်သောမုန့်များ၊ သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထားသော သတ်မှတ်ချက် များနှင့်ကိုက်ညီသော ကုန်စည်များကိုသာရောင်းချစေရေးနှင့် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ၊ ကျောင်းသား/ကျောင်းသူများအား ကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲရာတွင် လုံခြုံစိတ်ချရမှုရှိပြီး၊ ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ထိခိုက်နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး တို့အတွက် ကျောင်းမုန့်ဈေးတန်းများကို သက်ဆိုင်ရာဌာနများဖြင့် စဉ်ဆက်မပြတ်ဈေး ကွက်စောင့် ကြည့်စစ်ဆေးမှုများဆောင်ရွက်လျက်ရှိကြောင်းနှင့် ဈေးရောင်းချသူများသည် ဥပဒေပါပြဌာန်းချက်များ၊ သတ်မှတ်ချက်များနှင့်ကိုက်ညီသော ကုန်စည်များကိုသာ ရောင်းချကြရန်နှင့်လိုက်နာမှုမရှိလျှင် စစ်ဆေး အရေးယူမှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးရှင်းလင်းခဲ့ကြောင်း သိရသည်။
DOCA(မန္တလေး)
