သထုံမြို့နယ်၊ အ.ထ.က (သိမ်ဆိပ်) ကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

      မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ၂၂.၈.၂၀၂၆ ရက်နေ့ နံနက်ပိုင်းက သုဝဏ္ဏဝတီမြို့၊ သိမ်ဆိပ်ရပ်ကွက်ရှိ အ.ထ.က (သိမ်ဆိပ်) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

     ဟောပြောပွဲတွင် ဦးစွာ အ.ထ.က (သိမ်ဆိပ်) ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းခိုင်က အမှာစကားပြောကြားပြီး ခရိုင်စားသုံးသူရေးရာဦးစီးမှူး ဦးအောင် ကျော်မင်းက စားသုံးသူကာကွယ်ရေးဥပဒေနှင့် အခွင့်အရေးများ၊ ကုန်ပစ္စည်းများဝယ်ယူ ရာ၌ သတိပြုရမည့်အချက်များ၊ တိုင်ကြားနိုင်သည့် နည်းလမ်းများအား ဆွေးနွေးခဲ့ပြီး၊ သထုံခရိုင်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက ကျောင်းသားကျောင်းသူလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးအောင် စာပေများ ဖတ်ရှုကြရေး၊ စာပေလေ့လာခြင်းဖြင့် အသိပညာများ ဖွံ့ဖြိုးပြီး နိုင်ငံ့သားကောင်း လူငယ်များဖြစ်လာရေး၊ အွန်လိုင်းများပေါ်မှ သတင်းအတု သတင်းအမှားများ ဂရုပြုနိုင်ရေး စသည့် လူငယ်များ ဘက်စုံဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးဟောပြောကြရာ ကျောင်းသားကျောင်းသူတို့က သိလိုသည်တို့ကို မေးမြန်းကြပြီး ဟောပြောသူတို့က ပြန်လည်ရှင်းလင်းပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)