မုဒုံမြို့နယ်၌ အသင့်သောက်ကော်ဖီအမျိုးမျိုးတို့အား ဈေးကွက်ကွင်းဆင်းစစ်ဆေး

Powered by Drupal

          ၂၄.၈.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ မုဒုံမြို့၊ ရွှေဟင်္သာဈေးရှိ ကုန်စုံဆိုင်များသို့ သွားရောက်၍ အသင့်သောက်ကော်ဖီအမျိုး မျိုးအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများက မုဒုံမြို့၊ ရွှေဟင်္သာဈေးရှိ ကုန်စုံဆိုင်များ၌ ရောင်းချလျက် ရှိသော အသင့်သောက်ကော်ဖီအမျိုးမျိုးတို့တွင် ထုတ်လုပ်သည့်ရက်စွဲ၊ ကုန်ဆုံးမည့်ရက်စွဲ၊ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်း ရှိ/မရှိ တို့ကို စစ်ဆေးခဲ့ပြီး ရောင်းချသူများအား စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ကုန်ပစ္စည်းများကို စနစ်တကျ ရောင်းချရန်၊ သက်တမ်းလွန်ကုန်ပစ္စည်းများအား ရောင်းချခြင်းမပြုရန်နှင့် စားသုံးသူများ၏ ကျန်းမာရေး ကို ထိခိုက်စေနိုင်သော ကုန်ပစ္စည်းများ မရောင်းချကြရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

     DOCA (မွန်)