ပြည်ခရိုင်အတွင်း ဈေးကွက်မရောက်မီကုန်စည်များကို စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိ

Powered by Drupal

                  စားသုံးသူပြည်သူများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေ ပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖေါ်ပြထားမှုအခြေအနေ တို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ၂၀၂၆ခုနှစ်၊ ဇူလိုင်လအတွင်း ပြည်မြို့နယ်တာဝန်ခံနှင့် ဝန်းထမ်း များသည် စာတိုက်တန်းလမ်းရှိ ”မစန်းလေး” အသင့်စားထမင်းသုပ်ဆိုင်၊ နဝဒေးရပ်ကွက်၊ စံကျောင်း လမ်းရှိ“A-ဝမ်း”အာလူးကြော်လုပ်ငန်း၊ ပွဲစားတန်းလမ်းရှိ“ဒေါ်ဥ” အသင့်စား ထမင်းသုပ်ဆိုင်နှင့် ခရမ်းကုန်းရပ်ကွက်၊ စံပယ်လမ်းရှိ “စွဲမက်”  အာလူးကြော်လုပ်ငန်းသို့လည်းကောင်း၊ ရွှေတောင်မြို့ နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ကြာနီကန်ရပ်ကွက် ကင်းမွန်းခြုံလမ်းရှိ “လင်းရောင်ခြည်” ယိုစုံလုပ်ငန်းနှင့် ဆင်မကြပ်ရွာ၊ နွားမယံအုပ်စုရှိ“တူးတူးလေး” ယိုစုံလုပ်ငန်းသို့လည်းကောင်း၊ ပန်းတောင်းမြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများသည် ပန်းတောင်းမြို့၊ လဲကျေးရွာရှိ  “ဘရဏီ” ကိတ်နှင့်ပေါက်မုန့် လုပ်ငန်းသို့လည်းကောင်း၊ ပေါက်ခေါင်းမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် အမှတ်(၂)ရပ်ကွက်ရှိ "SuperFine” သောက်ရေသန့်လုပ်ငန်း နှင့်အမှတ်(၃)ရပ်ကွက်ရှိ “ဇွဲဓန” မြေပဲယို လုပ်ငန်းသို့လည်းကောင်း သွားရောက်၍ ဈေးကွက်မရောက်မီ ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားပါ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသော ကုန်စည်များကို တင်သွင်း ရောင်းချခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာန၏ ထောက်ခံမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေး ခဲ့ပါကြောင်းနှင့် စောင့်ကြည့်စစ်ဆေးခဲ့သည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖေါ်ပြချက်များနှင့် ကိုက်ညီမှုရှိပါကြောင်းသတင်းရရှိပါသည်။

DOCA(ပဲခူး)