ဘီးလင်းမြို့နယ်တာဝန်ခံသည် စိုက်ပျိုးရေးသုံးယူရီးယားမြေဩဇာဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

          မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံသည် မြို့နယ်ယူရီးယားဝယ်ယူဖြန့်ဖြူးရောင်းချရေးကော်မတီအဖွဲ့ဝင်များနှင့်အတူ ၂၇.၈.၂၀၂၆ ရက်နေ့တွင် ဘီးလင်းမြို့နယ်၊ ကော့ကဒွတ်ကျေးရွာရှိ “ပြုံးမောင်မောင်” ဓာတ်မြေဩဇာ အရောင်းဆိုင်သို့ သွားရောက်၍ ဓာတ်မြေဩဇာအမျိုးမျိုးတို့၏ ဈေးနှုန်းနှင့် အရည်အသွေး တို့အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ရွှေတောင်ပုလဲ (50 kg) တစ်အိတ်လျှင် ကျပ် (၁၅၀၀၀၀)၊ နိုက်ထရိုကွန်ပလပ် (၁၅) ပတ်လည် (50 kg) တစ်အိတ်လျှင် ကျပ် (၂၂၅၀၀၀)၊ သံကွင်းတီစူပါ (50 kg) တစ်အိတ်လျှင် ကျပ် (၁၆၅၀၀၀)၊ ရွှေပွား (ကွန်ပေါင်း) ၁၆:၂၀ (50 kg) တစ်အိတ်လျှင် ကျပ် (၁၃၅၀၀၀) တို့ဖြင့် ရောင်းချနေကြောင်း တွေ့ရသည်။ ထိုသို့ ဖြန့်ဖြူးရောင်းချသည့် ဓာတ်မြေဩဇာများကို ရန်ကုန်မြို့၊ ဘုရင့်နောင်ပွဲရုံမှ ဝယ်ယူ၍ ဒေသအလိုက် သယ်ယူစရိတ်နှင့် သင့်တင့်သော အမြတ်အစွန်းဖြင့်သာ ရောင်းချနေကြောင်း တွေ့ရသည်။

          ဒေသနေကျေးရွာ တောင်သူများအတွက် အထောက်အကူဖြစ်စေ ၍ ယခုကဲ့သို့ပင် အရည်အသွေးကောင်းသော ဓာတ်မြေဩဇာများအား သင့်တင့်သော အမြတ်အစွန်းဖြင့် ဆက်လက်ရောင်းချရန် မြို့နယ်ယူရီးယားဝယ်ယူဖြန့်ဖြူးရောင်းချရေး ကော်မတီမှ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (မွန်)