
စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့နယ်၊ ကျွန်းကလေးကျေးရွာအုပ်စု၊ ကျွန်းကလေးကျေးရွာရှိ၊Green Land သောက်ရေသန့် လုပ်ငန်းရှင် ဒေါ်အေးအေးဖီးနှင့် ၂၀၂၆ခုနှစ် ဩဂုတ်လ ၁၇ ရက်နေ့၊ နံနက်(၁၀:၀၀ ) နာရီအချိန်တွင်၊ လက်ပံ တန်းမြို့နယ် တာဝန်ခံ ဦးကျော်မျိုးထွန်းနှင့်ဝန်ထမ်းတို့မှ တွေ့ဆုံ၍ စားသုံးသူကာ ကွယ်ရေးဥပဒေ အခန်း ( ၁၈ )ပါ ကုန်စည်များ ပေါ်တွင်ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည် အမျိုးအစားအလိုက်သတ်မှတ်ချက်များနှင့်အညီဖြန့်ဖြူးရောင်းချရန်၊ကုန်စည်၏အရည်အသွေး၊ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်စွဲများ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းများအား လည်းကောင်း၊ဥပဒေအခန်း(၁၀)ပါစီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ဥပဒေအခန်း(၁၁)ပါကုန်စည်နှင့်စပ်လျဉ်း၍ စားသုံးသူလက်ခံနိုင်သည့်အရည်အသွေး ရှိခြင်းကို အထူးအလေးထားဆောင်ရွက်ရန် အသိပညာပေး ဆွေးနွေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင် ဖြန့်ဝေခဲ့ပါသည်။
DOCA(ပဲခူး)
