တောင်ကြီးမြို့ပေါ်ရှိ အကြော်စုံလုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

             ၁၈-၈-၂၀၂၆ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်၊ စားသုံးသူရေးရာဦးစီး ဌာန၊ တောင်ကြီးခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် တောင်ကြီးမြို့၊ နောင်တလီကျေးရွာရှိ MSME ထုတ်ကုန်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် “OK”အကြော်စုံလုပ်ငန်းသို့ မြေပြင်ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရာတွင် တောင်ကြီးခရိုင်အတွင်းရှိ  ပြည်တွင်း၌ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် ထုတ်ကုန်များ MSMEထုတ်ကုန်များတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီဆောင်ရွက်နိုင်စေရေး အတွက် အသေးစားစက်မှုလက်မှုလုပ်ငန်း ထောက်ခံချက် ရှိ/မရှိ၊  ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှုရှိ/မရှိ၊ ထုတ်လုပ်သည့်ရက်စွဲနှင့်သက်တမ်းကုန်ဆုံးသည့် ရက်စွဲများ ဖော်ပြထားခြင်း ရှိ/မရှိစသည့် စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉  ပါပြဌာန်းချက်များမှ အခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များအား သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)