
စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး(ဦးသန်းတိုး)နှင့် ဝန်ထမ်း များသည် (၂၄.၈.၂၀၂၆) ရက်နေ့ နေ့လည်(၁၃:၀0)နာရီ အချိန်တွင် ဒေါ်မိုးမိုးဖြူ ဆီအရောင်းဆိုင်၊ ဦးသူရကိုကို ဆီအရောင်းဆိုင် နှင့် ဦးစိန်လှိုင်ဆီအရောင်းဆိုင်များအား မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီအရောင်းဆိုင်များအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေး နှုန်းအတိုင်း ဗီနိုင်းချိတ်ဆွဲ၍ ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ အလေးချိန်မှန်ကန်မှု ရှိ/မရှိ နှင့် ဆီစာအုပ်များ ကိုစနစ်တကျ ထုတ်ပေးခြင်း၊ ခွဲတမ်းရရှိသော ဆီပိဿာအား သတ်မှတ်ထားသော အလေးချိန်မှန်ကန်စွာ ဖြင့်ပြည်သူများအပေါ် အမှန်တကယ်ရောင်းချခြင်းရှိ/မရှိ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ တို့အား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထား ခြင်းရှိပါကအရေးယူခံရမည်ဖြစ်ကြောင်းအသိပေးဆောင်ရွက်ခဲ့ပါသည်။
DOCa(ရှမ်း)
