Myanmar   Post   and   Telecommunications  ( MPT)  ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေး

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး ခရိုင်ရုံးဝန်ထမ်းများသည် မြို့နယ်မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ(၃၁)ရက်နေ့တွင် စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ Myanmar Post and Telecommunications (MPT) ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းအား စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

      ထိုသို့စောင့်ကြည့်စစ်ဆေးခဲ့မှုတွင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက Myanmar Post and Telecommunications (MPT)  ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း တာဝန်ရှိသူအား လိုင်းပြတ်တောက်ခြင်းကို အချိန်မီပြုပြင်ပေးရန်၊ အင်တာနက်လိုင်းဆွဲအားမကောင်းခြင်းနှင့် ဝန်ဆောင်မှုကို အပြည့်အဝရရှိစေရေး ဆောင်ရွက်ပေးရန်၊ အသုံးမပြုသည့်ဝန်ဆောင်မှုများအတွက် ဘေလ်ဖြတ်တောက်ခြင်း၊ Point ဖြင့် ဒေတာလဲလှယ်ပြီးသော်လည်း ဖုန်းဘေလ်အတွင်းမှ ဖြတ်တောက်ခြင်းများမရှိစေရေး သတိပြုဆောင်ရွက်ရန်၊ ကုမ္ပဏီအချို့မှ ဝန်ထမ်းများအနေဖြင့် စားသုံးသူများအပေါ် မချေမငံဆက်ဆံခြင်းများမဖြစ်စေရေး တာဝန်ရှိသူမှ ကြပ်မတ်ဆောင်ရွက်သွား ရန် အသိပညာပေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန် များ၊ ဥပဒေအခန်း(၁၁)ပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)