တတိယအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာဘလူးဘယ်ရီညီလာခံကို အီတလီနိုင်ငံ၊ မီလန်မြို့တွင် ကျင်းပမည်

Powered by Drupal

       အပြည်ပြည်ဆိုင်ရာ ဘလူးဘယ်ရီအသိုင်းအဝန်းသည် Agroconsulenze.com မှ ကြီးမှူး ကျင်းပသော ဘလူးဘယ်ရီ စိုက်ပျိုးခြင်းဆိုင်ရာ တတိယအကြိမ်မြောက် ဥရောပနှင့် ဖွံ့ဖြိုးဆဲ နိုင်ငံများ ညီလာခံအတွက် အီတလီနိုင်ငံ၊ မီလန်မြို့တွင် တွေ့ဆုံကြမည်ဖြစ်ကြောင်း၊ အဆိုပါ ညီလာခံကို အတွေ့အကြုံများ ဖလှယ်ရန်နှင့် စီးပွားဖြစ်ဘလူးဘယ်ရီစိုက်ပျိုးထုတ်လုပ်မှု တိုးတက် ပြောင်းလဲလာမှုများကို ဆွေးနွေးနိုင်ရန်အတွက် ဥရောပနှင့် ဖွံ့ဖြိုးဆဲထုတ်လုပ်သူနိုင်ငံများမှ ဘလူး ဘယ်ရီစိုက်ပျိုးသူများ၊ စိုက်ပျိုး‌‌ရေးပညာရှင်များ၊ အကြံပေးများ၊ ‌ထောက်ပံ့ပေးသွင်းသူများနှင့် စီးပွားရေးလုပ်ငန်းရှင်းများအား စုစည်းပေးရန် ရည်ရွယ်ဖန်တီးထားခြင်းဖြစ်ကြောင်း၊  အဓိကပြောဆို ဆွေးနွေးသူအဖြစ် Sebastian Ochoa မှ ဆွေးနွေးသွားမည်ဖြစ်ပြီး ၎င်းမှ ခေတ်မီဘလူးဘယ်ရီ စိုက်ပျိုးခြင်းဗျူဟာများနှင့်ပတ်သက်သည့် အတွေ့အကြုံများနှင့် သဘောသဘာဝများကို မျှဝေသွား မည်ဖြစ်ကြောင်း သိရှိရပါသည်။

   အဆိုပါညီလာခံသည် စိုက်ပျိုးသူများနှင့် နည်းပညာကျွမ်းကျင်သူပညာရှင်များ၊ ထောက်ပံ့ သူများနှင့် တန်ဖိုးကွင်းဆက်တွင်အဓိကပါဝင်သူများနှင့် ချိတ်ဆက်ပေးကာ ဘလူးဘယ်ရီလုပ်ငန်း အတွက် နိုင်ငံတကာကွန်ရက် ဖွံ့ဖြိုးတိုးတက်လာရန် Agroconsulenze.com ၏ လုပ်ဆောင်ချက် တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း          ၊ အဆိုပါ ညီလာခံအား နည်းပညာပိုင်းဆိုင်ရာ ညီလာခံတစ်ခုမျှသာ မဟုတ်ဘဲ ဆန်းသစ်ပြောင်းလဲခြင်း၊ စိုက်ပျိုးရေးနည်းစနစ်များ၊ ထုတ်လုပ်မှုပုံစံသစ်များနှင့် နိုင်ငံ တကာ စီးပွားရေးအခွင့်အလမ်းများကို စိတ်ဝင်စားသည့် ပညာရှင်များအတွက် ဆုံစည်းရာနေရာ တစ်ခုအဖြစ် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

    ယခုကျင်းပမည့် တတိယအကြိမ်မြောက် ညီလာခံသည် ဝယ်ယူသူများနှင့် တင်သွင်းသူများ ၏ တင်ပြချက်များနှင့်အတူ ဘလူးဘယ်ရီ စားသုံးသူများ လိုလားသည့်အရာများကို အဓိကထား ဆွေးနွေးမည်ဖြစ်ကြောင်း၊ ယခုကျင်းပမည့် တတိယအကြိမ်မြောက် ညီလာခံသည် ဝယ်ယူသူများ နှင့် တင်သွင်းသူများ၏ တင်ပြချက်များနှင့်အတူ ဘလူးဘယ်ရီ စားသုံးသူများ လိုလားသည့်အရာ များကို အဓိကထား ဆွေးနွေးမည်ဖြစ်ကြောင်း၊ ထို့ပြင် ဘလူးဘယ်ရီနှင့် ဘယ်ရီသီးများ စိုက်ပျိုး ရာတွင် အဓိကနိုင်ငံတစ်နိုင်ငံ ဖြစ်လာမည့် အီဂျစ်နိုင်ငံအကြောင်းကိုလည်း အသေးစိတ်လေ့လာ သုံးသပ်သွားမည်ဖြစ်ပြီး ထပ်မံကျင်းပမည့် ညီလာခံကို ၂၀၂၇ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် ကိုင်ရို မြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း၊ အဆိုပါညီလာခံတွင် နည်းပညာပိုင်းဆိုင်ရာ ဆန်းသစ်မှုများကို ခင်းကျင်းပြသမည် ဖြစ်ပြီး ပါဝင်သူများအကြား ဆက်ဆံရေး ပိုမိုခိုင်မာစေရန် ကွန်ရက်ချိတ်ဆက်မှု အခွင့်အလမ်းများကို ဆောင်ကြဉ်းပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

     Milan ညီလာခံ မကျင်းပမီတွင် Agroconsulenze.com သည် ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် La Spezia ၌ အရေးပါသော အခမ်းအနား (၂) ခုကို ကျင်းပသွားမည် ဖြစ်ကြောင်း၊ စီးပွားဖြစ် ဘလူးဘယ်ရီထုတ်ထုတ်လုပ်မှုဆိုင်ရာ အသိပညာကို ထဲထဲဝင်ဝင်သိရှိ လေ့လာလိုသော စိုက်ပျိုးသူများ၊ စိုက်ပျိုးရေးလုပ်ငန်းရှင်များ၊ နည်းပညာကျွမ်းကျင်သူများနှင့် ကျွမ်းကျင်ပညာရှင် များအတွက်ရည်ရွယ်သည့် ဘလူးဘယ်ရီစိုက်ပျိုးရေးသင်တန်းကို တက်ရောက်ရန် နေရာလွတ်များ ရှိနေသေးကြောင်း၊ အဆိုပါသင်တန်း ကျင်းပသည့်နေ့၏ ညနေပိုင်းအစီအစဉ်တွင် ပါဝင်သူများ အနေဖြင့် ဘလူးဘယ်ရီကဏ္ဍမှစိုက်ပျိုးသူများ၊ စိုက်ပျိုးရေးပညာရှင်များ၊ အကြံပေးများ၊ ထောက်ပံ့ သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ တစုတစည်းတည်း ရှိမည့် အပြည်ပြည်ဆိုင်ရာ ဘလူးဘယ်ရီ မိတ်ဆုံညစာစားပွဲသို့ တက်ရောက်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။

   အဆိုပါအစီအစဉ်ကို အောက်တိုဘာလ ၂ ရက်နေ့တွင် နည်းပညာပိုင်းဆိုင်ရာ ကွင်းဆင်း ခရီးစဉ်ဖြင့် ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး သင်တန်းသားများအတွက် စိုက်ခင်းတွင် ကြုံတွေ့ နိုင်သည့်လက်တွေ့အတွေ့အကြုံများနှင့်အတူအခန်းတွင်းလေ့ကျင့်ပေးမှုများကိုပေါင်းစပ်လေ့လာ နိုင်မည့် အခွင့်အလမ်းကို ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Source: FreshPlaza, Aug 31, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)