
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံနှင့် ဝန်ထမ်းများသည် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်သည့် လုပ်ငန်းရှင်များအနေဖြင့် မှတ်ပုံတင်လျှောက်ထားရန် အတွက် လျှောက်ထားရန် အခြေခံလိုအပ်ချက်များ အပါအဝင်အခြားသိကောင်းစရာများအား သိရှိ စေရန်ရည်ရွယ်၍ (၁၈.၈.၂၀၂၆) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ အဝတ်အထည် များရောင်းချသည့် လုပ်ငန်းရှင်နှင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံး၌ တွေ့ဆုံအသိပညာပေးခြင်း ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
ထိုသို့အသိပညာပေးရာတွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံက အွန်လိုင်းဖြင့်ရောင်း ဝယ်မှုများပြုလုပ်ဆောင်ရွက်ရာတွင် လိမ်လည်မှုများ များပြားလာပြီး တိုင်ကြားမှုများ ရှိလာသော ကြောင့် အွန်လိုင်းဖြင့် ရောင်းချနေသည့် လုပ်ငန်းရှင်များအနေဖြင့် အွန်လိုင်းမှတ်ပုံတင်ထားရန် လိုအပ်ကြောင်း၊ အွန်လိုင်းမှတ်ပုံတင်ထားခြင်းမရှိလျှင် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှု လုပ်ငန်းအဖြစ် သတ်မှတ်ထားသောကြောင့် မည်သူမဆိုအွန်လိုင်းစနစ်ဖြင့် ရောင်းခြင်းလုပ်ငန်းကို မှတ်ပုံတင်လက်မှတ်လျှောက်ထားရရှိပြီးမှ လုပ်ကိုင်ရန်လိုအပ်ကြောင်း၊ အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး ခြောက်လပြည့်မြောက်သည့် နေ့ရက်မှစတင်၍ မှတ်ပုံတင် လက်မှတ် မရှိဘဲအွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ကြောင်းတွေ့ရှိပါက အရေး ကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅အရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း၊ ထိုသို့အွန်လိုင်း မှတ်ပုံတင်ထားခြင်းဖြင့်အွန်လိုင်းရောင်းချနေသော လုပ်ငန်းများမှအဝတ်အထည်၊ အစားအသောက်၊ အလှကုန်ပစ္စည်းများစသည့် ကုန်စည်အမျိုးမျိုးကို စားသုံးသူများအနေဖြင့် ဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းပြီး၊အာမခံချက်များရရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လုပ်ငန်းရှင်များအား မိမိတို့ရောင်းချသည့် ကုန်စည်အမျိုးမျိုးအား ရောင်းချနေမှုအပေါ် မှတ်ပုံတင်လျှောက်ထားရန် အတွက် လျှောက်ထားရန် အခြေခံလိုအပ်ချက်များအပါအဝင် အခြားသိကောင်းစရာများနှင့် လိုအပ် သည်များကို အကြံပြု ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
