
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင် ဦးဆောင်၍ စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေး စင်တာ (CICC)တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်နွယ်နွယ်အေး နှင့်ဝန်ထမ်း(၂)ဦးသည် (၂၀.၈.၂၀၂၆) မှ (၂၁.၈.၂၀၂၆)ရက်နေ့ထိ ရုံးချုပ်မှ Zoom Meeting ဖြင့် ကျင်းပသော Consumer Call Center ဆိုင်ရာဝန်ထမ်း စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၆)အား Virtual စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။
အဆိုပါသင်တန်းတွင် ခေတ္တညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် စားသုံးသူများမှ နစ်နာဆုံးရှုံးမှုများ တိုင်ကြားလာပါက စားသုံးသူများနှင့်ဆက်ဆံရာတွင် နွေးထွေးစွာ ဆက်ဆံရန်လိုအပ်ကြောင်း၊ အရာရာကို ကိုယ်ချင်းစာတရားဖြင့် ပြုမှုဆက်ဆံပါက မိမိဌာနသို့ ယုံကြည်အားကိုးလာမည်ဖြစ်ကြောင်း၊ တာဝန်ကျဝန်ထမ်းများမှလည်း မေးမြန်းလာသည့်အကြောင်း အရာများကို အချက်အလက်ပြည့်စုံစွာ ပြန်လည်ဖြေကြားပေးရမည်ဖြစ်ကြောင်း ပြောကြားပါသည်။
ဆက်လက်၍ စားသုံးသူရေးရာဌာနခွဲမှ ပြည်သူများနှင့်ဆက်ဆံရေး၊ စားသုံးသူကာကွယ်ရေး ဆိုင်ရာ အသိပညာပေးဆောင်ရွက်နေမှုများ၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ(CICC)နှင့် Consumer Call Center ဆိုင်ရာလုပ်ငန်းစဉ်များ ဘာသာရပ်၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ Online Sale လုပ်ငန်းများ မှတ်ပုံတင်ခြင်း၊ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေ ဘာသာရပ်၊ မူဝါဒလေ့လာရေးနှင့်စီမံကိန်းစာရင်းအင်းဌာနခွဲမှ စားသုံးသူကာကွယ်ရေးဥပဒေ၊ ပြည် တွင်းကုန်သွယ်ရေး ဖွံ့ဖြိုးမှုနှင့်သုတေသနဌာနခွဲမှ လုပ်ငန်းဆောင်ရွက်နေမှုများ၊ သတင်းအချက် အလက်နည်းပညာဆိုင်ရာသိကောင်းစရာများနှင့် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ် ရေးကော်မတီ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား သင်ကြားပို့ချခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
