မြင်းခြံမြို့ရှိ Online စနစ်ဖြင့်ရောင်းချသည့်လုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေး

Powered by Drupal

               စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် အွန်လိုင်းစနစ်ဖြင့် ရောင်းဝယ်သည့်လုပ်ငန်းများအား ကုန်သွယ်ရေးဦးစီးဌာနမှ ပေးပို့သည့်အချက်အလက်များအပေါ်အခြေခံ၍ Mobile Application အသုံး ပြုလျက် မြေပြင်စစ်ဆေးခြင်းလုပ်ငန်းများအား ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှစ၍ စစ်ဆေးဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊  မြင်းခြံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ အွန်လိုင်းစနစ်ဖြင့် ရောင်းဝယ်သည့်လုပ်ငန်းဖြစ်သော ‘‘အောင်ဆန်းမင်း’’ ဖက်ရှင်အသုံးအဆောင်ပစ္စည်းအရောင်းဆိုင်အား မြင်းခြံခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသန်းစိုး ဦးဆောင်၍ ဝန်ထမ်းများသည် ၁၄.၈.၂၀၂၆ ရက်နေ့၊ နံနက် ၁၁:၃၀ နာရီအချိန်တွင် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း ကိုဆောင်ရွက်ခဲ့ပါသည်။

          Mobile Application အသုံးပြု၍ မြေပြင်စစ်ဆေးခြင်းလုပ်ငန်းအား စစ်ဆေးရာတွင် မြေပြင်တွင်လုပ်ငန်းအမှန်တကယ်လုပ်ကိုင် ဆောင်ရွက်မှု ရှိခြင်း၊ လုပ်ငန်းတည်နေရာ မှန်ကန်မှုရှိခြင်း၊ လျှောက်ထားသည့်ကုန်စည်များမှန်ကန်မှုရှိခြင်း၊ လိုအပ်သည့်အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိ၍ ကုန်သွယ်ရေးဦးစီးဌာနမှ ပေးပို့သော အချက်အလက် များနှင့်ကိုက်ညီကြောင်းစစ်ဆေးတွေ့ရှိရပါသည်။ Online စနစ်ဖြင့် ရောင်းဝယ်မှုများတွင် လိမ်လည်ခြင်းများရှိပြီး စားသုံးသူများထိခိုက်နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိရာ သက်ဆိုင်ရာဌာနများမှလည်း တရားမဝင်သောရောင်းချမှုများအား အရေးယူ ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းရှင်များမှ သက်ဆိုင်ရာဌာနများတွင် လုပ်ငန်းလိုင်စင်များ လုပ်ဆောင်ပြီး ဥပဒေများနှင့်အညီမှန်ကန်စွာလုပ်ကိုင်ဆောင်ရွက်ကြရန်လိုအပ်ပါသည်။ စားသုံးသူများ အနေဖြင့် Online မှ ဝယ်ယူသုံးစွဲသည့်အခါ ထိခိုက်နစ်နာဆုံးရှုံးမှုများမဖြစ်ပေါ်စေရန် မိမိဝယ်ယူသုံးစွဲ မည့်ကုန်စည်ရောင်းချသောလုပ်ငန်းသည်   တရားဝင်မှတ်ပုံတင်ထားသည့် လုပ်ငန်းဟုတ်မဟုတ်စိစစ် ၍ မှာယူခြင်း၊ ဝယ်ယူသုံးစွဲခြင်းများသတိပြုဆောင်ရွက်ရန် အသိပညာပေးလုပ်ငန်းများကိုလည်း ဌာနအနေဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

DOCA(မန္တလေး)