၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်နိုင်မှုအခြေအနေ

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု ဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြထားခြင်း ရှိ/မရှိ၊ စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှု များဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရန် ရည်ရွယ်၍ လစဉ်သတ်မှတ်ထားသောဦးစားပေး ကုန်စည်အမျိုးမျိုးနှင့် အခြားကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီ မှုရှိ/မရှိ ဈေး ကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ဝန်ဆောင်မှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ ကွင်းဆင်းစောင့်ကြည့်စစ်ဆေးမှုများကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင် မိတ်ဘက်ဌာနဆိုင်ရာများဖြစ်သော မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အစားအ သောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍လည်းကောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေအရ ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများက ဦးဆောင်၍သော်လည်းကောင်း ဆောင် ရွက်လျက်ရှိပါ သည်။

       ပခုက္ကူခရိုင်အနေဖြင့် ဩဂုတ်လအတွင်း ခရိုင်ဦးစီးမှူးနှင့် ဒု-ခရိုင်ဦးစီးမှူးတို့မှ ဦးဆောင်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှု ဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် အသင့်သောက်အချိုရည် အမျိုးမျိုး အား ဦးစား ပေးကုန်စည်အဖြစ် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်း ရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးလျက်ရှိရာ ပခုက္ကူမြို့တွင် ရောင်းချနေရှိသော ကုန်စုံဆိုင်နှင့် စတိုးများတွင် ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာထည့် သွင်းဖော်ပြထားခြင်း ရှိ/မရှိ(၁)ကြိမ်၊ ဆိပ်ဖြူမြို့တွင် (၁)ကြိမ်၊ ဂန့်ဂေါမြို့၊ ကျောင်းမုန့်ဈေးတန်းတွင်(၁)ကြိမ်၊ ပခုက္ကူမြို့ နှင့်ဆိပ်ဖြူမြို့တွင် စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၂)ကြိမ်၊ ဈေးကွက် မရောက်မီ စားသုံးဆီအမျိုးမျိးအား ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များထံသို့ ကွင်း ဆင်းဆောင်ရွက်ခြင်းအား ပခုက္ကူမြို့(၁)ကြိမ်၊ ဆိပ်ဖြူ မြို့(၁)ကြိမ်၊ စုစုပေါင်းဈေးကွက်စောင့် ကြည့်စစ် ဆေးခြင်း(၇)ကြိမ်၊ အထူးဈေးကွက်အနေဖြင့် စက်သုံးဆီ နှင့်ဆေးဝါးများအား သတ်မှတ် ရည်ညွှန်းဈေးများနှင့် အချဉ်အတွယ်မှန်ကန်မှုရှိစေရန် မိတ်ဖက်ဌာနများနှင့် ပူးပေါင်းဆောင်ရွက် ကွင်းဆင်းခဲ့ပြီး ဌာန၏ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်ပါအကြောင်းအရာများကို အသိပညာပေး ဆွေးနွေးပြီး ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ ကုန်အမှတ်တံဆိပ်(၄)ခု၊ အမျိုးအစား ပေါင်း (၁၉)မျိုးအား ကုန်အညွှန်းအမှတ် အသားစိစစ်ခွင့်ပြုချက်လျှောက်ထားမှုများ ဆောင်ရွက်ခဲ့ပါသည်။

       ထို့ပြင် အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာများနှင့်စပ်လျဉ်း၍ ပခုက္ကူမြို့ပေါ်ရှိ အွန်လိုင်းစနစ် ဖြင့် ရောင်းချနေသော မှတ်ပုံတင်လက်မှတ်ရရှိထားသည့် အလှကုန်ပစ္စည်းများ ရောင်းချသည့် လုပ်ငန်းရှင်များအား မြေပြင်စစ်ဆေးအတည်ပြုပြီး အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့်လုပ်ငန်း ဆိုင် ရာအမိန့်ကြော်ငြာစာများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါစီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များသိရှိစေရန် အသိပညာပေးခြင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်း၊ မိဘပြည်သူများအား အသိပညာပေးခြင်းနှင့် အွန်လိုင်းမှတ်ပုံတင်ရန်အတွက် လိုအပ်သည့် အချက်အလက်များအား သိရှိစေရန် အသေးစိတ်ရှင်း လင်းဆွေးနွေးခြင်း၊ ဆက်သွယ်ရေးဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပူးပေါင်း၍  ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန် ဆောင်မှု)ကဏ္ဍစုံအား  ကွင်းဆင်းစစ်ဆေး အသိပညာပေးမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)