မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ဈေးရပ်ကွက် ကမ်းနားလမ်းရှိ မုန့်မျိုးစုံဆိုင်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိမရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

                ဧရာဝတီတိုင်းဒေသကြီး၊  စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုး သည် (၁၃-၈-၂၀၂၆)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီက  မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ဝါးခယ်မမြို့၊ ဈေးရပ်ကွက်ကမ်းနားလမ်းရှိ မုန့်မျိုးစုံဆိုင်များတွင်ရောင်းချနေသော မုန့်မျိုးစုံများ၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ဈေးကွက်စောင့် ကြည့်စစ်ဆေးခဲ့ပါသည်၊

                          ထိုသို့ကွင်းဆင်းစိစစ်ရာတွင် မြို့နယ်တာဝန်ခံမှဝါးခယ်မမြို့နယ်၊ ဈေးရပ်ကွက်ကမ်းနားလမ်းရှိ ရောင်းချနေ သောမုန့်မျိုးစုံဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးမှထုတ်ပြန်ထားသောစားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉ပါပြဌာန်းချက်များမှစားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ် ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေအခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို ၍တွဲလျှက်ဖြစ်စေရေးသား ဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်ကုန်စည်အမျိုးအစားအလိုက်သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်တွင်ရောင်းချနေသော မုန့်ထုတ်များတွင်လည်း ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာဖော်ပြထားမှုရှိစေရန်နှင့် ဌာနမှဈေးကွက်စောင့်ကြည့်စစ်ဆေးမှုအားစဉ်ဆက်မပြတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးစစ်ဆေးခဲ့ပါသည်။

DOCA(ဧရာဝတီ)