
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် (၂၇)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့်ပြိုင်ပွဲကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက် နေ့လယ်(၁၂:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့ အမှတ်(၂)ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကရဝိတ်ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များ၊ အကဲဖြတ်ဒိုင်အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များမှ ပုဂ္ဂိုလ်များ၊ ပြိုင်ပွဲဝင်ဝါသနာရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား (၂၅၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးကျော်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး (၂၇)ကြိမ်မြောက်အဆို၊ အက၊အရေး၊အတီးမြို့နယ်အဆင့်ပြိုင်ပွဲကိုဆက်လက်ကျင်းပခဲ့သည်။ပြိုင်ပွဲတွင် အသက်(၁၀)နှစ်မှ (၁၅)နှစ်အဆင့်နှင့် အသက်(၁၅)နှစ်မှ (၂၀)နှစ်အဆင့် အဆိုပြိုင်ပွဲဝင် (၁၁) ဦးနှင့် အသက်(၁၅)နှစ်မှ (၂၀)နှစ်အဆင့် တစ်ဦးချင်း တပင်တိုင်အကပြိုင်ပွဲဝင် (၁) ဦး၊ စုစုပေါင်း ပြိုင်ပွဲဝင် (၁၂) ဦးတို့က သတ်မှတ်ချက်များနှင့်အညီသီဆို၊ကပြ၍ယှဉ်ပြိုင်ခဲ့ကြသည်။ထို့နောက် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးကျော်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက အဆိုပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများနှင့် တပင်တိုင်အကပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများအသီးသီး ချီးမြှင့်ခဲ့ ကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)
