
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် စာဖတ်ပြည်သူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် စားသုံးသူအခွင့်အရေးနှင့် တာဝန်များကို သိရှိနားလည်ပြီး ဘေးအန္တရာယ်ကင်းရှင်းစွာ ရွေးချယ်ဝယ်ယူအသုံးပြုနိုင်စေရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ၁၈-၈-၂၀၂၆ ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် စာဖတ်ပြည်သူ စုစုပေါင်း (၉) ဦးအား စားသုံးသူကာကွယ်ရေးနှင့် စားသုံးသူ၏အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ကုန်စည်နှင့်ဝန်ဆောင်မှုများဝယ်ယူသုံးစွဲရာတွင်လိုအပ်သော သတင်းအချက်အလက် များကိုပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့်ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုခွင့်ရှိခြင်းတို့ကို အသိပညာ ပေးရှင်းလင်းဟောပြောခဲ့သည်။ စားသုံးသူများအနေဖြင့်ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်း အမှတ်အသား၊ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်နှင့် သက်ဆိုင်ရာအချက်အလက်များကို စစ်ဆေးပြီးမှ ဝယ်ယူသုံးစွဲရန်လည်း အသိပေးခဲ့သည်။ထို့အပြင် ကုန်စည် /ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများနစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါကသက်ဆိုင်ရာ စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင် သည့်နည်းလမ်းများနှင့် Consumer Call Center (1535) သို့ ဆက်သွယ်မေးမြန်းတိုင်ကြား နိုင်ကြောင်းတို့ကိုလည်းရှင်းလင်းအသိပညာပေးခဲ့သည်။ယခုကဲ့သို့ စားသုံးသူကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် စားသုံးသူများအနေဖြင့် မိမိတို့၏ အခွင့်အရေးနှင့် တာဝန်များကို သိရှိနားလည်ကာ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချစွာရွေးချယ်ဝယ်ယူသုံးစွဲနိုင်မည်ဖြစ်ကြောင်းအသိပညာပေးဟောပြောခဲ့သည်ဟုသိရှိရပါသည်။ DOCA(ဧရာဝတီ)
