တောင်ငူမြို့ အစိုးရစက်မှုလက်မှုသိပ္ပံတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးဦးဆောင်၍ ခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံ၊ တောင်ငူမြို့နယ်တာဝန်ခံတို့ ပါဝင်သောအဖွဲ့သည် ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် တောင်ငူမြို့ အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ငူ)သို့ သွားရောက်၍ စာသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။

      ဟောပြောပွဲတွင် အစိုးရ စက်မှုလက်မှုသိပ္ပံ(တောင်ငူ) ကျောင်းအုပ်ကြီးကိုယ်စား စာပေ ဌာနမှူး ဒေါ်ကြည်ကြည်နွဲ့က အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင် ဦးစီးမှူး ဦးမျိုးအောင်က စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ စားသုံးသူရေးရာ ဦးစီးဌာန၏ ရည်မှန်းချက် များနှင့် မျှော်မှန်းချက်များ၊ ဆောင်ရွက်ချက်များကို မိတ်ဆက်ပြောကြားခဲ့ပါသည်။

    ဆက်လက်၍ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ သတင်းအချက်အလက်နည်းပညာနှင့် အရည် အသွေး စီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံ ဦးစီးမှူး ဦးစောသန်းထိုက်ကျော်က စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြရန် ဥပဒေပြဌာန်းချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများကို တိုင်ကြားနိုင်ခြင်းများနှင့် ဖြေရှင်း ဆောင်ရွက်ပေးသည့် အကြောင်းများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုမဖြစ်စေရေးအတွက် ဦးစီးဌာနမှ ခန့်အပ် ထားသည့် စစ်ဆေးရေးအရာရှိများက သက်ဆိုင်ရာမြို့နယ်အလိုက် ဈေးကွက်အတွင်း ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နေသည့်အကြောင်းများကို Power Pointဖြင့် ရှင်းလင်း တင်ပြခဲ့ပါသည်။

      ဆက်လက်၍ အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ငူ)မှ ကျောင်းသားကျောင်းသူ(၃)ဦးက ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန် မည်ကဲ့သို့စီမံဆောင်ရွက်သည်ကို သိလိုကြောင်း ၊ စားသောက် ကုန်များတွင် သက်တမ်းကုန်ဆုံးရက်မပါရှိပါက တိုင်ကြား၍ ရ/မရ သိလိုကြောင်းနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် မည်ကဲ့သို့စီမံဆောင်ရွက်သည်ကို သိလိုကြောင်း မေးခွန်းများကို မေးမြန်းကြရာ ခရိုင်ဦးစီးမှူး ဦးမျိုးအောင်က ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။

      စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲသို့ အစိုးရစက်မှုလက်မှုသိပ္ပံ (တောင်ငူ)မှ စာပေဌာနမှူးနှင့် ဆရာဆရာမများ ၊ ကျောင်းသား ကျောင်းသူများ စုစုပေါင်း ၁၆၀ ဦး တက်ရောက်ကြောင်းနှင့် ဟောပြောပွဲအပြီးတွင် ခရိုင်ဦးစီးမှူးနှင့်အဖွဲ့ဝင်များသည် အစိုးရစက်မှု လက်မှုသိပ္ပံ(တောင်ငူ) ကျောင်းဝင်းအတွင်းရှိ စားသောက်ဆိုင်၌ ရောင်းချသော အသင့်ဖျော် လက်ဖက်ရည်နှင့်ကော်ဖီထုပ်များ၊ အချိုရည်များနှင့် အသင့်စားမုန့်များတွင် မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့်အညီ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)