
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး ဦးဉာဏ်လင်း၊ အစားအသောက်နှင့်ဆေးဝါးကွက်ကဲရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးဉာဏ်လင်းထက် နှင့် စားသုံးသူ ရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ၉-၉-၂၀၂၆ ရက်၊ ဗုဒ္ဓဟူးနေ့ နေ့လယ် ၁၂:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ အိန္ဒုကျေးရွာရှိ အမှတ် (၃၁၀) ခြေမြန်တပ်ရင်းခန်းမတွင် (အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်၊ ရဲမေ) များအား စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာအကြောင်း များကို အသိပညာပေးဟောပွဲကျင်းပခဲ့ကြောင်း သိရှိရသည်။
အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ် ဦးစီးမှူး ဦးဉာဏ်လင်းက စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း၊ စားသုံးသူကာကွယ်ရေး အကြောင်းသိကောင်းစရာများဟောကြားခဲ့ပြီး၊ အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးဉာဏ်လင်းထက်မှ အစားအသောက်ဆိုးဆေးများအကြောင်း ကိုဟောပြာခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ရုံးအုပ် ဒေါ်သီတာဌေးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိသော အစားအသောက်နှင့်ကုန်စည်များကို စနစ်တကျရွှေးချယ် ဝယ်ယူစားသောက်သုံးစွဲတတ်စေရန် အတွက် ကုန်အညွှန်းအမှတ်အသားအကြောင်းနှင့် စားသုံးသူနစ်နစ်ဆုံးရှုံးမှုများနှင့် ပတ်သက်၍ တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းကို Power Point ဖြင့်(အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်၊ ရဲမေ)များကို လွယ်ကူစွာသိရှိနိုင်ရန် Video Clip များအား Short Video ဖြင့် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပါသည်။
အခမ်းအနားတွင် အမှတ် (၃၁၀)ခြေမြန်တပ်ရင်းမှ အရာရှိ (၃)ဦး၊ စစ်သည် (၂၇)ဦး၊ ရဲမေ (၅၀) ဦး စုစုပေါင်း (၈၀)ဦး တက်ရောက်ခဲ့ကြောင်းနှင့် ဥပဒေစာအုပ်များ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
DOCA(ကရင်)
