အုတ်တွင်းမြို့နယ်တွင် နိုင်ငံ့စီးပွားရန်ပုံငွေဖြင့် ကျေးရွာအုပ်စုအလိုက် နွေစပါးစိုက်ပျိုး

Powered by Drupal

          အုတ်တွင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်အတွက် နိုင်ငံ့စီးပွားရန်ပုံငွေဖြင့် ကျေးရွာအုပ်စုအလိုက် နွေစပါးများကို Contract Farming စနစ် စိုက်ပျိုးနိုင်ရန် ဆောင်ရွက်လျှက်ရှိရာ ကျေးရွာအုပ်စု ၃၁ အုပ်စုမှ ဧက ၆၉၀၀ စိုက်ပျိုးရန် လျာထားခဲ့ပါသည်။

          ထို့အတူ ကုမ္ပဏီများ၏ စိုက်ပျိုးစရိတ်ရန်ပုံငွေဖြင့်လည်း Contract Farming စနစ် စိုက်ပျိုးနိုင်ရန် ဆောင်ရွက်လျှက်ရှိရာ နယူးဧရာကုမ္ပဏီမှ ဧက ၅၀၀၊ ချမ်းမြေ့ဇေယျာကုမ္ပဏီမှ ဧက ၁၀၀၀၊ MMKH ကုမ္ပဏီမှ ဧက ၃၀၀၀ နှင့် ပုလဲစိန်ကုမ္ပဏီမှ ဧက ၂၀၀၀ စိုက်ပျိုးနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး အခြားကုမ္ပဏီလေးခုမှလည်း ဧက  ၆၅၀၀ စိုက်ပျိုးရန် ဆောင်ရွက်လျက်ရှိပါ သည်။

          သို့ဖြစ်၍ အုတ်တွင်းမြို့နယ်အတွင်း တောင်သူလယ်သမားများနှင့် ကုမ္ပဏီများမှ Contract Farming စနစ်ဖြင့် နွေစပါး ဧက ၁၃၄၀၀ စိုက်ပျိုးရန် လျာထားဆောင်ရွက်ထားခဲ့သော်လည်း   စပါးရိတ်သိမ်းပြီးစဉ်က ဆောင်းသီးနှံများကို စိုက်ပျိုးခဲ့သဖြင့် ယခုအချိန်တွင် ဧက ၁၃၀၀ ကျော်သာ စိုက်ပျိုးနိုင်ခဲ့ပြီး ဆောင်းသီးနှံများခူးဆွတ်ပြီးပါက လျာထားချက်ပြည့်မီရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)