
မအူပင်မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီမှ တာဝန်ရှိသူများ ဦးဆောင်၍ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ ဆေးဝါးပစ္စည်အရောင်းဆိုင်နှင့် အလှကုန်ပစ္စည်းအရောင်းဆိုင်တို့အား ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်းကို ၂၀၂၆ခုနှစ် ဩဂုတ်လ ၂၀ရက်နေ့ ရက်နေ့ နံနက်ပိုင်းက မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့က ပူးပေါင်း၍ လိုက်လံ ဈေးကွက် စောင့်ကြည့်စစ်ဆေး ဆောက်ရွက်ခဲ့ကြသည်။
ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက မအူပင် မြို့နယ်ရှိ ဆေးဆိုင်လက်ကားဆိုင်ကြီးများနှင့် အလှကုန်စတိုးဆိုင်များ၊ လိုင်စင်ရ ဆေးဝါးအရောင်းဆိုင်များနှင့် အလှကုန် ပစ္စည်းအရောင်းဆိုင်များ၌ သတ်မှတ်လိုင်စင်စည်းကမ်းများနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ၊ ဈေးနှုန်း မှန်ကန်စွာ ရောင်းချခြင်း ရှိ/မရှိ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းခြခြင်း ရှိ/မရှိ၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်း အမျိုးမျိုးတို့တွင် ကုန်အညွှန်အမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စစ်ဆေးခြင်း၊ ဆေးဝါးပြတ်လပ်မှု ရှိမရှိ၊ တားမြစ်အလှကုန်များ ရောင်းချမှု ရှိမရှိတို့တို့အား လိုက်လံစစ်ဆေးကာ ဆေးဆိုင်ကြီး ၆ ဆိုင်နှင့် အလှကုန်ဆိုင် ၅ ဆိုင် တို့အား စစ်ဆေးခဲ့ပြီး လိုအပ်သည်တို့ကို လိုက်နာဆောင်ရွက်ပူးပေါင်း၍ ဈေးကွက်အတွင်း ဘေးအန္တရာယ် ကင်းရှင်စွာ ရောင်းချနိုင်ရန် မှာကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)
