
မအူပင်ခရိုင်၊ ဓနဖြူမြို့နယ်တွင် ပြည်တွင်း စိုက်ပျိုးရေးလယ်ယာထွက်ကုန် သီးနှံများ စိုက်ပျိုးရာတွင် အသုံးပြုလျှက်ရှိသော ကုန်စည်များအသုံးပြုသည့်အခါ ဝယ်ယူအသုံးပြုလျှက်ရှိသော စိုက်ပျိုးရေးသုံး ကုန်စည် များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့်ပန်းတိုင်အထွက်နှုန်း ရရှိရေး အသိပညာပေး ဆွေးနွေးရာ ၂၀၂၆ခုနှစ် ဩဂုတ် လ ၂၄ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ဓနုဖြူမြို့ရှိ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ရာတွင် မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာနက လုပ်ငန်းရှင်များနှင့် တောင်သူများအား စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်၍ ဝန်ဆောင်မှုကဏ္ဍအကြောင်း အသိပညာပေးဟော ပြောဆွေးနွေးခဲ့ကြောင်း သိရပါသည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုးက စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းရခြင်း၏ ရည်ရွယ်ချက်များ၊ ဝန်ဆောင်မှု ဆိုသည်မှာ လုပ်ငန်း သို့မဟုတ် လုပ်ဆောင်မှုအသွင်ဖြင့် စားသုံးသူ၏ လိုအပ်ချက်ကို တန်ဖိုးဖြင့်ဖြစ်စေ၊တန်ဖိုးမပါဘဲဖြစ်စေဖြည့်ဆည်းပေးသည့်ဆောင်ရွက်မှုကိုဆိုလိုကြောင်းစားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံး သူ၏အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ သုံးစွဲခြင်းကြောင့်နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက အရေးဆိုတိုင်ကြားနိုင်သည့် အခြေအနေ များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲရာတွင် သေချာစွာစိစစ်ကြည့်ရှု့ဝယ်ယူရမည့် ကုန်အညွှန်း အမှတ်အသားများအကြောင်း၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါသော၊ ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံစွာပါဝင်သော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူကြရန်လိုအပ်ပါကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်း များအတွက် လိုအပ်သောသွင်းအားစုများကို ဝယ်ယူသုံးစွဲရာတွင် တရားဝင်ကုန်စည်များကိုသာ ဝယ်ယူသုံး စွဲရန်နှင့် ဖော်ပြပါဝင်သော ကုန်စည်နှင့် သက်ဆိုင်သည့် ကုန်အညွှန်းအမှတ်အသားများအတိုင်း စနစ်တကျ လိုက်နာသုံးစွဲရန်လိုအပ်ပါကြောင်း၊ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာလျှင် တိုင်ကြားနိုင်သည့် နည်းလမ်းများ စသည်ဖြင့်အသိပညာဟောပြော ဆွေးနွေးခဲ့ပြီး ဟောပြောပွဲသို့ ဌာနဆိုင်ရာ(၁၁) ဦး၊ စိုက်ပျိုးရေး လုပ်ငန်းရှင်(၈)ဦး၊ တောင်သူ(၃၅)ဦး တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)
