မြိတ်မြို့ပေါ်ရှိ MSME လုပ်ငန်းများမှ ထုတ်ကုန်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါရှိရေး စစ်ဆေးဆောင်ရွက်ခြင်း

Powered by Drupal

          ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့၊ ၁၄း၀၀ နာရီအချိန်တွင် မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင် ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မြိတ်မြို့ပေါ်ရှိ ဒေသတွင်း MSME လုပ်ငန်းများမှ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသည့် ထုတ်ကုန်များတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံမှန်ကန်စွာဖော်ပြပါရှိမှုများ ရှိ/မရှိ၊ ထုတ်လုပ်သည့်ရက်စွဲ/သက် တမ်းကုန်ဆုံးသည့်ရက်စွဲများ ဖော်ပြပါရှိမှုများ ရှိ/မရှိ၊ ထုတ်လုပ်သည့်နေရာ၊ ပါဝင်ပစ္စည်းများ ဖော်ပြ ပါရှိမှုများ ရှိ/မရှိအား မြိတ်မြို့၊ ရှမ်းချောင်းဝန်ထမ်းရပ်၊ ကြည်မျှော်(၂)လမ်းရှိ ရွှေခရုမုန့်တိုက်အား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါစစ်ဆေးဆောင်ရွက်ရာတွင် မြိတ်မြို့၊ ရွှေခရုအမှတ်တံဆိပ်မုန့်တိုက်မှ ထုတ်လုပ်ဖြန့် ဖြူးရောင်းချလျက်ရှိသော ထုတ်ကုန်များတွင် ထုတ်လုပ်သည့်ရက်စွဲ/သက် တမ်းကုန်ဆုံးသည့် ရက်စွဲ များ ထုတ်လုပ်သည့်နေရာ၊ ပါဝင်ပစ္စည်းများ ဖော်ပြပါရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး အခြားလိုအပ် သည်များအား ပြည့်စုံမှန်ကန်စွာပါရှိမှု ရှိစေရေးနှင့် ဌာနအနေဖြင့် လိုအပ်သည့်ကိစ္စရပ်များနှင့် ပတ် သက်၍ ကူညီဆောင်ရွက်ပေးနိုင်သည့်ကိစ္စရပ်များအား ကူညီဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

DOCA(တနင်္သာရီ)