“ ကော့မှူးမြို့နယ်ဈေးကွက်အတွင်း ဓာတ်မြေဩဇာအမျိုးအစားအလိုက်ဖြန့်ဖြူးရောင်းချနေမှု အခြေအနေကွင်းဆင်းစစ်ဆေး ”

Powered by Drupal

          ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ဈေးကွက်အတွင်း ဓာတ်မြေဩဇာ အမျိုးအစားအလိုက် ဖြန့်ဖြူးရောင်းချနေမှုအခြေအနေအား စက်တင်ဘာလ(၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင်ရပ်ကွက်ကျေးရွာအုပ်စုများရှိ ဓာတ်မြေဩဇာအရောင်းဆိုင်များသို့ သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင်‌ ကော့မှူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်မြေစာရင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပူးပေါင်း၍ ကော့မှူးမြို့နယ် စည်ပင်လမ်း ပြည်တော်သာရပ်ကွက်၊ မကျီးတန်းရပ်ကွက်နှင့် ထမ္မနိုင်ကျေးရွာ၊ ဝါးဘလောက်သောက်ကျေးရွာ များရှိ ဓာတ်မြေဩဇာအရောင်းဆိုင်များမှ ဆိုင်ပိုင်ရှင်စီးပွားရေးလုပ်ငန်းရှင်များအား မိမိတို့ဖြန့် ဖြူးရောင်းချလျက်ရှိ‌သော ဓာတ်မြေဩဇာအမျိုးအစားအလိုက် ဈေးနှုန်းများအား သတ်မှတ်ရည် ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချစေရေး၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများ မပြု လုပ်စေရေးနှင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ မပြုလုပ်ကြရန် အသိပညာပေးပြောကြားခဲ့ပြီး  ယူရီးယားဓာတ်မြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချနေခြင်းရှိ/မရှိဓာတ်မြေဩဇာအမျိုးအစားအလိုက်ဈေးနှုန်းများအားစာရင်းကောက်ယူမြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)