၂၀၂၆ ခုနှစ် စက်တင်ဘာလ ပထမပတ်တွင် ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ မြေပဲ၊ နှမ်းဖြူ၊ နှမ်းနက်ဈေးနှုန်းစာရင်းနှင့် ပဲပုတ်လက်ကျန်စာရင်း

Powered by Drupal

         ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ ၂၀၂၆ ခုနှစ် စက်တင်ဘာပထမပတ် မြေပဲ၊ နှမ်းဖြူ၊ နှမ်းနက်ဈေးနှုန်းများမှာ မြေပဲတစ်ပိဿာ လျှင် မြေပဲလုံးဆံ ၁၂၀၀၀ ကျပ်ခန့်၊ မြေပဲဆီဆံ တစ်ပိဿာလျှင် ၁၁၀၀၀ ကျပ်ခန့်ရှိပါသည်။ မြေပဲစတင်ထွက်ရှိနေပြီဖြစ်ပါသည်။ မကွေးတိုင်းဒေသကြီးတွင် မြေပဲအသစ်များမှာ စက်တင်ဘာ လလယ်တွင် ထွက်မည်ဟုခန့်မှန်းပါသည်။ နှမ်းဖြူ မန္တလေးဈေးမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ၄၂၀၀၀၀ ကျပ်ခန့်ရှိပါသည်။ ကျောက်ပန်းတောင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင်  နှမ်းဖြူသစ် ပေါ်ချိန်ဖြစ်ပါသည်။ နှမ်းနက်(ရိုးရိုး) ဈေးနှုန်းမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ၄၇၀၀၀၀ ကျပ်ခန့် ရှိပါသည်။ အောင်လံ၊ တောင်တွင်း၊ မကွေး၊ နတ်မောက်တို့တွင် နှမ်းနက်အသစ်ပေါ်ချိန် ဖြစ်ပါသည်။ ရန်ကုန်ဈေးကွက်တွင် မုန့်ညှင်းဈေးကွက်မရှိပါ၊ ၂၀၂၆ ခုနှစ် အတွက် ပဲပုတ် လက်ကျန်တန်ချိန် (၁၆၅၀၀) ဝန်းကျင်ရှိပါသည်။  ဩဂုတ်လ စတုတ္ထပတ်တွင် နှမ်းနက်(ရိုးရိုး) ဈေးနှုန်းမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ၅၀၀၀၀၀ ကျပ်ရှိရာမှ ယခုစက်တင်ဘာလ ပထမပတ်တွင် ၄၇၀၀၀၀ ကျပ်ခန့်၊ ၂၀၂၆ ခုနှစ်အတွက် ပဲပုတ် လက်ကျန်တန်ချိန် (၁၇၀၀၀) ရှိရာမှ ယခုတစ်ပတ်တွင် တန်ချိန်(၁၆၅၀၀) ရှိကြောင်း ကုန်စည်ဒိုင်ပဲနှမ်းအသင်းမှ သိရှိရပါသည်။   

 DOCA (ရန်ကုန်)