အမေရိကန်ဒေါ်လာ ၁၁.၈၆ ဘီလီယံတန်ဖိုးရှိသည့်အခြေခံအဆောက်အအုံစီမံကိန်းများကို ဂျပန်အားကမ်းလှမ်းခဲ့သည့်အင်ဒိုနီးရှား

Powered by Drupal

           အင်ဒိုနီးရှားအစိုးရသည် နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစေရန် အတွက် တန်ဖိုး ရူပီး ၂၀၇.၆၄ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၁.၈၆ ဘီလီယံခန့်) ရှိသည့် မဟာ ဗျူဟာမြောက် သယ်ယူပို့ဆောင်ရေးနှင့် အခြေခံအဆောက်အအုံစီမံကိန်း ၃၂ ခုကို ဂျပန်ကုမ္ပဏီများထံ ရင်းနှီးမြှုပ်နှံရန်ကမ်းလှမ်းခဲ့ကြောင်း သိရပါသည်။ အဆိုပါစီမံကိန်းများကို ဩဂုတ် ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ဂျပန်နိုင်ငံတိုကျိုမြို့၌ ကျင်းပခဲ့သည့် Indonesia–Japan Transportation and Infrastructure Business Forum and Business Matching ၂၀၂၆ အခမ်းအနားတွင် မိတ်ဆက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ တိုကျိုမြို့ရှိ အင်ဒိုနီးရှားသံရုံးနှင့် စီးပွားရေးရာပေါင်းစပ်ညှိနှိုင်းရေးဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်သည့် အဆိုပါဖိုရမ်သို့ အင်ဒိုနီးရှား နိုင်ငံပိုင်လုပ်ငန်းများနှင့် ဒေသပိုင်လုပ်ငန်းများ (SOEs နှင့် ROEs) ၉ ခုမှ စီမံကိန်းတာဝန်ရှိသူများ၊ ဂျပန်နိုင်ငံရှိအဓိကကုမ္ပဏီများနှင့် ဘဏ္ဍာရေးအဖွဲ့အစည်း ၃၆ ခုမှ ကိုယ်စားလှယ် ၅၀ တက်ရောက်ခဲ့ကြကြောင်း သိရပါသည်။ ဂျပန်နိုင်ငံဆိုင်ရာ အင်ဒိုနီးရှားဒုတိယသံအမတ် Maria Renata Hutagalung က နှစ်နိုင်ငံအကြားရင်းနှီးမြှုပ်နှံမှုဆက်ဆံရေးသည် ဆယ်စုနှစ် ၇ ခုနီးပါး ကြာမြင့်ခဲ့ပြီဖြစ်ပြီး Jakarta MRT နှင့် Patimban ဆိပ်ကမ်းကဲ့သို့ ရေရှည်တည်တံ့ပြီး အရည် အသွေးမြင့်စီမံကိန်းများကို အဓိကထားဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှား နိုင်ငံတွင် ဂျပန်ရင်းနှီးမြှုပ်နှံမှုကို ထူးခြားစေသည်မှာ ရင်းနှီးမြှုပ်နှံမှုပမာဏတစ်ခုတည်း မဟုတ် ကြောင်းနှင့် အင်ဂျင်နီယာပိုင်းဆိုင်ရာအရည်အသွေး၊ စီမံကိန်းများကိုစည်းကမ်းရှိစွာ အချိန်မီပြီးစီး ရန်ဆောင်ရွက်နိုင်မှု၊ နည်းပညာလွှဲပြောင်းပေးမှုနှင့် ရေရှည်မိတ်ဖက်ဆက်ဆံရေး ထူထောင်လိုသည့်ဆန္ဒတို့ဖြစ်ကြောင်း Maria က စက်တင်ဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်သည့် သတင်း ထုတ်ပြန်ချက်၌ ပြောကြားခဲ့ပါသည်။ ကမ်းလှမ်းထားသည့် စီမံကိန်းအစုစု၏ ၇၅ ရာခိုင်နှုန်း ခန့်သည် လက်ရှိလုပ်ငန်းလည်ပတ်မှု မှတ်တမ်းနှင့် သတ်မှတ်ပြီးသား ဝင်ငွေရရှိမှုလမ်းကြောင်း များရှိသည့် Brownfield စီမံကိန်းများဖြစ်ကြောင်း သိရပါသည်။ ယင်းတို့တွင် ပိုင်ဆိုင်မှုတန်ဖိုး ဖော်ထုတ်ခြင်း၊ လုပ်ငန်းတိုးချဲ့ရေးအစီအစဉ်များနှင့် ရှယ်ယာရောင်းချခြင်းတို့ ပါဝင်ကြောင်း သိရ ပါသည်။ ရင်းနှီးမြှုပ်နှံမှုအစုစုတွင် လမ်းမနှင့် အမြန်လမ်း စီမံကိန်း ၁၂ ခု၊ အိမ်ခြံမြေနှင့် လူနေ အဆောက်အအုံ ဖွံ့ဖြိုးရေးစီမံကိန်း ၁၀ ခု၊ ရထားလမ်းနှင့် Transit-Oriented Development (TOD) စီမံကိန်း ၆ ခု ပါဝင်ကြောင်း သိရပါသည်။ ထို့ပြင် ရေကြောင်းဆိပ်ကမ်း၊ ထောက်ပံ့ ပို့ဆောင်ရေးနှင့် သံမဏိဖွဲ့စည်းတည်ဆောက်ရေးစက်ရုံစီမံကိန်းတို့ကို တစ်မျိုးလျှင် ၂ ခုစီ ကမ်းလှမ်းထားကြောင်း သိရပါသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံငွေများအပေါ် အန္တရာယ်လျှော့ချ နိုင်ရန် အစိုးရက အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှု (PPP)၊ ဖက်စပ်လုပ်ငန်းများ၊ လုပ်ပိုင်ခွင့်ပေးခြင်းနှင့် ရေရှည်ငှားရမ်းခွင့်ပြုခြင်းတို့အပါအဝင် ရင်းနှီးမြှုပ်နှံမှုပုံစံအမျိုးမျိုးကို ပံ့ပိုးပေးလျက်ရှိကြောင်း သိရပါသည်။ ယင်းရင်းနှီးမြှုပ်နှံမှုများကို PT Penjaminan Infrastruktur Indonesia (PII) မှ အစိုးရအာမခံချက်များနှင့် PT Sarana Multi Infrastruktur (SMI) မှ ရေရှည် ဘဏ္ဍာငွေထောက်ပံ့မှုများဖြင့် ပံ့ပိုးပေးမည်ဖြစ်ကြောင်း သိရပါသည်။ စီးပွားရေးရာပေါင်းစပ် ညှိနှိုင်းရေးဝန်ကြီးဌာန၏ SOE စီမံခန့်ခွဲမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပေါင်းစပ်ညှိနှိုင်းရေးဌာန ဒုတိယဝန်ကြီး Ferry Irawan က အင်ဒိုနီးရှားနိုင်ငံ၏ ခိုင်မာသော စီးပွားရေးအခြေခံအချက်များနှင့် ပတ်သက်၍ တက်ရောက်သူများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရပါသည်။ ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်တွင် စီးပွားရေးတိုးတက်မှုနှုန်း ၅.၆၁ ရာခိုင်နှုန်း ရှိခဲ့ပြီး နှစ်အလိုက် ငွေကြေး ဖောင်းပွမှုနှုန်းမှာ ၃.၃၄ ရာခိုင်နှုန်းရှိခဲ့ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ ထိုကာလအတွင်း စုစုပေါင်းရင်းနှီးမြှုပ်နှံမှုအကောင်အထည်ဖော်နိုင်မှုတန်ဖိုးသည် ရူပီး ၁,၀၁၀ ထရီလီယံ (အမေရိကန်ဒေါ်လာ ၅၇.၇၁ ဘီလီယံ) ကျော်လွန်ခဲ့ကြောင်း သိရပါသည်။ စီးပွားရေးလုပ်ငန်းများအကြား တိုက်ရိုက်ချိတ်ဆက်ဆွေးနွေးသည့် အစီအစဉ်များတွင် Toyota Tsusho၊ Sumitomo Corporation၊ Obayashi၊ Shimizu၊ Penta-Ocean၊ Tokyu၊ JR East၊ Tokyo Metro၊ Mitsubishi Electric၊ Mizuho Bank နှင့် SMBC တို့အပြင် တရားဝင် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်းများ ဖြစ်သည့် JICA နှင့် JETRO တို့ ပါဝင်ခဲ့ကြကြောင်း သိရပါသည်။

 DOCA (ရန်ကုန်)