စစ်ကိုင်းမြို့၊ စိန်ကုန်းရပ်ရှိ ဆန်အရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်

Powered by Drupal

 

       စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး()ဦးသည် “ခရိုင်ဆန် သိုလှောင်ဈေးနှုန်းမြှင့်တင်ရောင်းချမှုများမရှိစေ‌ရေး ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့ နံနက် (၁၁း၀၀)နာရီအချိန်တွင် စစ်ကိုင်းမြို့၊ စိန်ကုန်းရပ်ရှိ ”စိုးစံ” ဆန်အရောင်းဆိုင်သို့ကွင်းဆင်း၍ ဈေးနှုန်းဈေးကွက် အခြေအနေများ၊ စီးဝင်/စီးထွက်မှု အခြေအနေများ၊ သယ်ယူခနှုန်းထားများနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းအလို့ငှာ သိုလှောင်ခြင်း၊  ဖြန့်ဖြူးရောင်းချမှုများ ရှိ/မရှိကို ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ရန် သိုလှောင် ထားခြင်းများမပြုလုပ်ရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများရှိပါက အရေးကြီး ဝန်ဆောင်မှုဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း၊ ဆန်အိတ် (၅၀၀)နှင့်အထက် သိုလှောင်ထားရှိပါက သိုလှောင်ရုံမှတ်ပုံတင် ပြုလုပ်ရမည်ဖြစ်ကြောင်း၊ စစ်ကိုင်းမြို့၊ စိန်ကုန်းရပ်ရှိ ဆန်အရောင်းဆိုင်ဖြစ်သော စိုးစံ” ဆန်ဆိုင်အနေဖြင့် ဆန်များကို ရွှေဘိုမြို့မှ အများဆုံးဝယ်ယူရောင်းချကြောင်း၊ ဝယ်ယူရာတွင် ရောင်းအားရှိသလောက် ဝယ်ယူကြောင်း၊ စစ်ကိုင်းမြို့ပေါ်ရှိ ပြည်သူများ ကြိုက်နှစ်သက်စွာ ဝယ်ယူသုံးစွဲမှု အများဆုံးဆန်မှာ ရွှေဘိုပေါ်ဆန်း၊ ဧရာမင်းနှင့် မနောသုခဆန်များကို အများဆုံး ရောင်းချသည်ကို စိစစ်တွေ့ရှိရကြောင်း၊ ဆန်အမျိုးအစား အလိုက် (၂၄) ပြည်တစ်အိတ် ဈေးနှုန်းများမှာ ဆန်အမျိုးအစား၊ အရည်အသွေးအလိုက် ရွှေဘိုပေါ်ဆန်း(၂၂၀၀၀၀ မှ ၂၃၀၀၀)ကျပ်၊ ဧရာမင်း(၁၆၀၀၀၀ မှ ၁၆၅၀၀၀)ကျပ်၊ မနောသုခ(၁၁၀၀၀၀ မှ ၁၂၀၀၀၀)ကျပ်များဖြင့် အရောင်းအဝယ်ရှိကြောင်း သယ်ယူခနှုန်းထားများမှာ ရွှေဘိုမြို့မှ စစ်ကိုင်းမြို့သို့ ဆန်(၂၄)ပြည် တစ်အိတ်လျှင် (၈၀၀၀) ကျပ်မှ   (၁၀၀၀၀) ကျပ်ရှိကြောင်း ဆန်များကို သိုလှောင်ထားခြင်းမရှိဘဲ   လိုသလောက်သာ မှာယူ ရောင်းချသောကြောင့် ဆန်သိုလှောင်သော ဆန်ဂိုဒေါင်များမရှိပါကြောင်း၊ အရောင်းဆိုင်များတွင် ရောင်းအားရှိသလောက် ဝယ်ယူရောင်းချနေကြောင်း  သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)