
၁၅.၉.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ်တာဝန်ခံ ဒေါ်ဇင်ဖြူဝင်းသည် ဘီးလင်းမြို့နယ်၊ အ.မ.က (၂) မူလွန် (မုသင်) ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ ပါသည်။
အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံ ဒေါ်ဇင်ဖြူဝင်းက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားများနှင့်စပ်လျဉ်း၍ သိကောင်းစရာများကို ဟောပြော ဆွေးနွေးခဲ့ပြီး စားသုံးသူများနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများဖြစ်သော လူကိုယ်တိုင်လာရောက်တိုင်ကြားခြင်း၊ တယ်လီဖုန်းဖြင့် ဆက်သွယ်တိုင်ကြားခြင်း၊ Consumer Call Center 1535သို့ ဖုန်းခေါ်ဆို၍ တိုင်ကြားနိုင်ပုံအဆင့်ဆင့်၊ DOCA Application ၌ တိုင်ကြားခြင်း၊ DOCA Website သို့ တိုင်ကြားခြင်း တို့ကို အသေးစိတ် ရှင်းလင်းဟောပြောခဲ့ကြောင်း သိရှိရပါသည်။
ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာကြီး ဦးရှိုင်းထက်စိုးနှင့် ဆရာ၊ ဆရာမ (၉) ဦး၊ ကျောင်းသား၊ ကျောင်းသူ (၄၅) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA (မွန်)
