ဟင်္သာတမြို့နယ်အတွင်း ခြင်ဘို့တိုက်နယ်၊ဓမ္မီတိုက်နယ်ရှိ ကျေးရွာ(၁၂) ရွာ မှ စားအုန်းဆီထုတ်ယူမှုအား ကွင်းဆင်းစစ်ဆေးမှုဆောင်ရွက်

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည်(၁၂-၉-၂၀၂၆)ရက်နေ့၊ နေ့လည် (၁၃:၀၀)နာရီအချိန်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဟင်္သာတမြို့နယ် လယ်တော် အဝေးပြေးကားဝန်းဆိုင်အမှတ် D-1 တွင် ဖွင့်လှစ်ထားသော ဟင်္သာတမြို့ စားအုန်းဆီလက်ကား ကိုယ်စားလှယ်ဦးကျော်ကျော်လင်းဆိုင်မှရောင်းချပေးသောခြင်ဘို့တိုက်နယ်ဓမ္မီတိုက်နယ်ရှိကျေးရွာ(၁၂)ရွာ အိမ်ထောင်စုများထံစားအုန်းဆီများ သတ်မှတ်ရည်ညွှန်းစျေးနှင့်အညီရောင်းချရေး၊ အိမ် ထောင်စု ပြည့်စုံစွာရောင်းချရေး၊ မသမာသောနည်းလမ်းများသုံး၍ရောင်းချမှုမရှိစေရေး၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်ကျေးရွာလက်လီဆိုင်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့်ကွင်းဆင်းစစ်ဆေးများခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် ဟင်္သာတမြို့နယ်အတွင်း စားအုန်းဆီဖြန့်ဖြူးရောင်းချမှုနှင့် ပတ်သက်၍ သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချမှု ရှိ/မရှိ၊ ပြည်သူများလက်ဝယ်သို့ အမှန်တစ် ကယရောက်ရှိခြင်း ရှိ/မရှိ စစ်ဆေးခဲ့ပြီး၊ ဆီအရောင်း စာအုပ်များနှင့် စျေးနှုန်းမှန်ကန်စွာ ရောင်းချရေး အရေအတွက် အချင်အတွယ် မှန်ကန်စွာ ရောင်းချပေးရေး၊ ဆီစာအုပ်ဖြင့် ရောင်းချထား မှုအခြေအနေများအား မေးမြန်းစိစစ်ခဲ့ကြောင်း၊ ဟင်္သာတမြို့ ရပ်ကွက်/ကျေးရွာများရှိ လက်လီ/ လက်ကား စားအုန်းဆီရောင်းချသည့် ကုန်မျိုးစုံဆိုင်များအား အိမ်ထောင်စု အလိုက် ဆီရောင်းချမှု အပေါ် မသမာသောနည်းလမ်းများသုံး၍ ရောင်းချမှုမရှိစေရေး၊အပတ်စဥ် ရောင်း ချနေမှုအခြေအနေ၊ ရရှိမှုအခြေအနေများအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ‌ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

 (DOCA ဧရာဝတီ)