ကျေးရွာစားအုန်းဆီကော်မတီဝင်များအား ဆွေးနွေးပြောကြား

Powered by Drupal

          ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနတွင် ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ ( ၁၃ ) ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူးက ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ကျုံကဒွန်းကျေးရွာနှင့် ဆိပ်မကျေးရွာရှိ စားအုန်းဆီကော်မတီအဖွဲ့ဝင် များအား ဆွေးနွေးမှာကြားခဲ့ပါသည်။ အဆိုပါတွေ့ဆုံ ပြောကြားရာတွင် ကျုံသွတ်တညီ ကျေးရွာအုပ်စုရှိ ပြည်သူများသက်သာသော ဈေးနှုန်းဖြင့် စာအုန်းဆီဖြန့်ဖြူးရောင်းချနိုင်ရေးအတွက်  ကျေးရွာအတွင်း ရှိအိမ်ထောင်စုဝင် အားလုံး စားအုန်းဆီ ရရှိစေ‌ရေး၊ သတ်မှတ်ညွှန်ကြားပေးသော ဈေးနှုန်းအတိုင်းရောင်းချစေရေး၊ အလေးချိန်အချိန်အတွယ် မှန်ကန်မှုရှိစေရေးနှင့် ပြည်သူများထံသို့ ရောင်းချနေမှု တို့အား ဓာတ်ပုံမှတ်တမ်းများ ပေးပို့ရန်ပြောကြားခဲ့ပြီး  စားသုံးဆီကော်မတီအဖွဲ့ဝင်များအား လိုအပ်သည်များကို မှာကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)