
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းတို့သည် ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ ( ၁၄ )ရက်နေ့၊ နေ့လည် ( ၁၄ : ၀၀ )နာရီအချိန်တွင် ဖျာပုံမြို့နယ် ချောင်းတွင်းလမ်းမကြီးဘေးရှိ "နေမင်းသား" အကြော်မျိုးစုံလုပ်ငန်းသို့ လုပ်ငန်းဖွံ့ဖြိုး တိုးတက်စေရေး ကွင်းဆင်းခဲ့ကြပါသည်။ အဆိုပါကွင်းဆင်းရာတွင် ထုတ်လုပ်သော ကုန်စည်နှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေး ဥပဒေပုဒ်မ(၄၁)၊ (၄၃)အရ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ပတ်သက်၍ ပြုလုပ်ရေးသားဖော်ပြရန်နှင့် မိမိတို့ထုတ်လုပ်သော ကုန်စည်များတွင် စားသုံးသူ စိတ်ကျေနပ်မှုရှိစေရေး၊ လုပ်ငန်းခွင်တွင် သန့်ရှင်းသပ်ရပ်စေရေး၊ ဈေးနှုန်းဈေးကွက်အခြေအနေနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး တို့အတွက် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
