ကျောင်းကုန်းမြို့နယ်၊ အ.လ.က ပျော်ဘွယ်ကျောင်းတွင် စားသုံးသူအသိပညာပေးဟောပြောခြင်း

Powered by Drupal

          ကျောင်းကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်ကိုသည် (၉.၉. ၂၀၂၆) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကျောင်းကုန်းမြို့နယ်၊  ကျောင်းအိုင်အုပ်စု၊ အ.လ.က ပျော်ဘွယ်ကျောင်းတွင် ကျောင်းသား/ ကျောင်းသူများအား စားသုံးသူအသိပညာပေး ဟောပြော ခဲ့ပါသည်။

          ထိုသို့ အသိပညာပေးဟောပြောရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြင့်တင်ရေးအတွက် စာဖတ်ခြင်း၏အကျိုးကျေးဇူးများအကြောင်းနှင့်စားသုံးသူရေးရာဦးစီးဌာနမှ အစားအစာများအား အန္တရာယ်ကင်းစွာ ရွေးချယ်စားသုံးရန်အကြောင်း အသိပညာပေးဟောပြော ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)