ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌   Talk Show  အသိပညာပေးဆောင်ရွက်ခြင်း

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၁၅..၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်နွယ်နွယ်အေး နှင့်ပခုက္ကူခရိုင် ပြန်/ဆက်ဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုမာတို့ ပူးပေါင်း၍စားသုံးသူကာကွယ် ရေးဥပဒေ၏ ရည်ရွယ်ချက်” ခေါင်းစဉ်ဖြင့်အသိပညာပေး Talk Show   ပြုလုပ်ခဲ့ပါသည်။      

   ထိုသို့အသိပညာပေးရာတွင် စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်နွယ်နွယ်အေးက  စားသုံးသူ ရေးရာဦးစီးဌာနမှစားသုံးသူကာကွယ် ရေးဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ပြည်ထောင် စုလွှတ်တော်ဥပဒေအမှတ်() အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းထားကြောင်း၊ ဥပဒေပါ ရည်ရွယ်ချက်()ချက်အား အသိ ပညာပေးဆွေးနွေးခြင်းနှင့် စားသုံးသူအခွင့်အရေးများ အားအပြည့်အဝ ရရှိနိုင်စေရန်အတွက် စဉ်ဆက် မပြတ်အသိပညာပေးလျက်ရှိကြောင်း၊ အသိပညာပေးရာတွင် နေရာ(၁၂) မျိုးသတ်မှတ်၍ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူများဘေးအန္တရာယ် ကင်းရှင်း စွာ အသုံးပြုနိုင်ရန် အတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း()ချက်အား ထုတ်လုပ်သူလုပ်ငန်းရှင်အနေဖြင့် ထည့်သွင်းဖော်ပြရန်နှင့် စားသုံးသူများ အနေဖြင့်လည်း စိစစ်ရွေးချယ်ဝယ်ယူအသုံးပြုရန်လိုအပ်ကြောင်း၊ စားသုံးသူတို့ကို ဘေးအန္တရာယ် ဖြစ်စေသော ကုန်စည် (သို့မဟုတ်)ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ သတင်းရရှိပါက ဦးစီးဌာနမှ ဥပဒေနှင့် အညီခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများက ဈေးကွက်မရောက်မီ/ ဈေးကွက်ရောက်ပြီး စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ဖောက်ဖျက်ကျူးလွန်မှုရှိပါက စီမံခန့်ခွဲရေး နည်းလမ်းအရ အရေးယူခြင်းနှင့် ပြစ်မှုပြစ်ဒဏ်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း  အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)