
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက် တံခါးမြို့နယ်တာဝန်ခံရုံးသည် ပြည်တွင်းကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ဆန်စက်နှင့် သိုလှောင်ရုံကိစ္စရပ်များ၊ ဆန်ဈေးနှုန်းတည်ငြိမ်စေရေးကိစ္စရပ်များကို အားကြိုးမာန် တက် လုပ်ဆောင်လျက်ရှိရာ ၁၂.၈.၂၀၂၆ ရက်နေ့တွင် ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင် စန်းနှင့် ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးတို့သည် ကျောက်တံခါးမြို့နယ်ရှိ ဆန်စက်များအား အဖွဲ့စုံဖြင့် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်းနှင့် ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးတို့သည် ကျောက်တံခါးမြို့နယ်ရှိဆန်စက်များအားမိတ်ဖက်ဌာနများဖြစ်သောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ဆန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ရာ မြို့နယ်တာဝန်ခံက ဆန်စက်များအနေဖြင့် ပြည်သူများအား ဈေးနှုန်းချိုသာ စွာဖြင့် ရောင်းချပေးနိုင်ရေး ဆွေးနွေးခဲ့ပြီး ဆန်စက်နှင့် ဆန်သိုလှောင်ရုံပိုင်ရှင်များ အနေဖြင့် သိုလှောင်ရုံမှတ်ပုံတင်ထားရမည်ဖြစ်ကြောင်း၊ သက်တမ်းကုန်သည့်အချိန်တွင်လည်း သက်တမ်းတိုး ရမည်ဖြစ်ကြောင်း၊ လစဉ်လဆန်း (၁) ရက်နေ့မှ (၁၀)ရက်နေ့အတွင်း သိုလှောင်ရုံ ရ၊ ထုတ်၊ ကျန် စာရင်းများကို ဖြည့်သွင်းရမည်ဖြစ်ကြောင်း၊ သိုလှောင်ရုံအား မှတ်ပုံတင်ထားခြင်းမရှိလျှင် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့် (အမိန့်အမှတ် ၈၂/ ၂၀၂၄) အရ အရေးယူခံရမည်ဖြစ်ကြောင်းတို့ကို အသိပညာပေးကာ ဆန်စက်နှင့် သိုလှောင်ရုံတို့အား ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)
