
ရန်ကုန်တိုင်းဒေသကြီးနေ တိုင်ကြားသူတစ်ဦးသည် အင်တာ နက်ကုမ္ပဏီတစ်ခု၏ အင်တာနက်လိုင်း ပြတ်တောက်နေသော ကြောင့် Customer Service သို့ ဖုန်းဆက် အကြောင်းကြားခဲ့သော် လည်း လာရောက်ပြင်ဆင်ပေးခြင်းမရှိသောကြောင့် စားသုံးသူရေး ရာဦးစီးဌာန၏ Website Complaint System မှတစ်ဆင့် တိုင် ကြားလာပါသည်။
ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။ တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှ တာဝန်ရှိသူများက တိုင်ကြား ခံရသည့် အင်တာနက်ကုမ္ပဏီမှ တာဝန်ရှိသူများထံ အကြောင်းကြားဆောင်ရွက်ခဲ့ရာ ကုမ္ပဏီမှ တာဝန်ရှိသူများအနေဖြင့် အင်တာနက်လိုင်း ပြတ်တောက်ရခြင်းအား စစ်ဆေးခဲ့ပြီး တိုင်ကြားသူ၏ အိမ်သို့သွယ်တန်းထားသော ဖိုင်ဘာကြိုးချိတ်ဆက်ထားသည့် Fiber Access Terminal (FAT) Box နှင့် အဆိုပါ FAT သို့ ချိတ်ဆက်ထားသည့် Fiber Distribution Terminal (FDT) Box မှာ ချို့ယွင်း ပျက်စီးနေသဖြင့် FAT နှင့် FDT Box အသစ်များ တပ်ဆင်ခြင်းနှင့် ပြန်လည်ချိတ်ဆက်ခြင်း လုပ်ငန်း စဉ်များကို ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ထိုသို့ ဆောင်ရွက်နေစဉ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှု များရှိသဖြင့် နှောင့်နှေးကြန့်ကြာမှုများရှိခဲ့ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များ ပြီးစီးသည်နှင့်တစ်ပြိုင် နက် မူလအတိုင်း ဝန်ဆောင်မှုပြန်လည်ရရှိရေးအတွက် ချက်ချင်းပြုပြင်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ အင်တာနက် အသုံးမပြုခဲ့ရသောရက်များအတွက် Compensation အဖြစ် လစဉ်ကြေး(၁)လစာ လျှော့၍ ကောက်ခံပေးခဲ့မှုအပေါ် တိုင်ကြားသူမှကျေနပ်မှုရှိပါကြောင်း အကြောင်းပြန်ကြားလာ သဖြင့် တိုင်ကြားမှုအား ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။
