
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ခရိုင်တာဝန်ခံ၏ ကြီးကြပ်ညွှန်ကြားမှုတို့ဖြင့် သရက်ခရိုင်တာဝန်ခံရုံးမှ ဒေါ်နွဲ့ယဉ်ဝင်း (ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် (၂၁.၉.၂၀၂၆)ရက်နေ့၊ နံနက် (၀၈:၃၀)အချိန်တွင် မိတ်ဖက် ဌာနများဖြစ်သော မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်အစားအသောက်နှင့်ဆေးဝါကွပ်ကဲရေးဦးစီးဌာန(FDA)နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးမှ ဝန်ထမ်းများဖြင့် သရက်မြို့မစည်ပင်သာယာဈေးကြီးအတွင်း Plastic Champion ပြုလုပ်ခြင်းများ ပူးပေါင်းပြုလုပ်ခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများဦးဆောင်၍ အစားအသောက်နှင့် ကုန်မျိုးစုံရောင်းချနေသော ဆိုင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့် ကုန်စည်များ ရောင်းချစေရေးနှင့် ဘေးအန္တရာယ် ရှိကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးတို့အား အသိပညာပေး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ရာတွင် ဒေါ်နွဲ့ယဉ်ဝင်း(ဦးစီးမှူး)မှ စားသောက်ကုန် ပစ္စည်းများ ရောင်းချနေသော ဆိုင်ပိုင်ရှင်များကို အစားအသောက်နှင့် ကုန်မျိုးစုံ ရောင်းချရာတွင် မြန်မာ နိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်အမျိုးအစားအလိုက် ကုန်စည်၏ အမျိုးအမည်၊ အရေအတွက်နှင့် သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ် သည့်နေရာ၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်စွဲတို့အား ပြည့်စုံစွာပါရှိစေသော ကုန်စည် များသာရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် ကုန်စည်များဈေးကွက် အတွင်း ရောင်းချခြင်းမပြုရန်နှင့် အခြားသက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်များ၊ လမ်းညွှန်ချက်များအား လိုက်နာဆောင်ရွက်ရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေး ခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(မကွေး)
