စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင် ဒိုက်ဦးမြို့နယ်တာဝန်ခံ ဦးမျိုးမြင့်သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစား နှင့် ကာယပညာဦးစီးဌာန ၊ ဒိုက်ဦးမြို့နယ် လက်ထောက်ပညာရေးမှူးတို့နှင့် ပူးပေါင်း၍ ၂၁.၁၂.၂၀၂၂ ရက်နေ့ ၊ နံနက်ပိုင်းက ဒိုက်ဦးမြို့ ၊ အထက (၁) တွင် ကျင်းပပြုလုပ်သည့် လူငယ်စကားဝိုင်းတွင် စားသုံးသူကာကွယ်ရေး ဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ရာ ဆရာ /ဆရာမ (၁၀)ဦး နှင့် ကျောင်းသားကျောင်းသူ ၁၅၀ ဦးတက်ရောက် ခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲအပြီးတွင် မြို့နယ်တာဝန်ခံ ဦးမျိုးမြင့်သည် ကျောင်း မုန့်ဈေးတန်းတွင် ရောင်းချလျက်ရှိသော အသင့်စားမုန့်များ၌ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက် အမှတ် ၂/၂၀၁၉ နှင့်အညီ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြ ထားခြင်းရှိ/မရှိကို ဆရာ /ဆရာမများနှင့် ကျောင်းသား /ကျောင်းသူများ သိရှိနိုင်စေရန် နှင့် ဖတ်ရှု လေ့လာတတ်စေရန် ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူ အခွင့်အရေးများနှင့် တိုင်ကြားနိုင်သည့် နည်းလမ်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)