
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ ရောင်းချသည့် အရောင်း ဆိုင်များတွင် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (စတုတ္ထအပတ်)အတွင်း ဓာတ်မြေဩဇာများ ရောင်းချမှု အနေဖြင့် အမျိုးအစားပေါ်မူတည်၍ (၅၀ကီလို) တစ်အိတ်လျှင် ၂၃၀၀၀၀ကျပ်မှ ၃၂၀၀၀၀ကျပ်အထိ ရောင်းချလျက်ရှိကြောင်း၊ အများဆုံးရောင်းချသည့် မြေဩဇာများအနေဖြင့် ကွန်ပေါင်း(10:10:5) အာမို ၂၃၀၀၀၀ကျပ်၊ ယူရီးယား (အာမို) ၂၅၀၀၀၀ကျပ်၊ ယူရီးယား( N:46%) (မာလာမြိုင်မိုးသီး) ၂၅၀၀၀၀ကျပ်၊ ကွန်ပေါင်း(15:15:15) (ယာရာမီလာ) ၃၂၀၀၀၀ကျပ် ဖြင့် ရောင်းချလျက်ရှိသည်။
အလားတူ ပိုးသတ်ဆေးရောင်းချမှုအနေဖြင့် အမျိုးအစားပေါ်မူတည်၍ အီမာလန်ဒါ (ဝိစာရ) ၁၀၀ ဂရမ် တစ်ထုပ်လျှင် ၂၀၀၀၀ကျပ်၊ Rocket (ဝိစာရ) ၁၀၀စီစီ တစ်ပုလင်းလျှင် ၁၀၀၀၀ ကျပ်၊ အလန်း(15WP) (ဩဘာ)၁၀၀ ဂရမ် တစ်ဘူးလျှင် ၂၃၀၀၀ကျပ်၊ ဇွန်ဘီ (ဩဘာ) ၁၀၀ ဂရမ် တစ်ထုပ် လျှင် ၂၅၀၀၀ကျပ် ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA (ကချင်)
