ဒေးဗရိမ်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

Powered by Drupal

 

၂၃.၉.၂၀၂၆ ရက်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒေးဗရိမ်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ စားသုံးသူကာကွယ်ရေး ဆိုင်ရာ အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းသွယ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် သထုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်ကျော် မင်းက စားသုံးသူအခွင့်အရေး (၈) ချက်၊ စားသုံးသူကာကွယ်ရေး ဥပဒေဆိုင်ရာ သိကောင်း စရာများ၊ ကုန်အညွှန်းအမှတ်အသားများကို စိစစ်ဖတ်ရှုဝယ်ယူသုံးစွဲရေးနှင့် စားသုံးသူများ လိုက်နာသင့်သည့် တာဝန်များကို အသေးစိတ် ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက စားသုံးသူကာကွယ်ရေးဆိုင်ရာ သိလိုသည်များကို မေးမြန်းခဲ့ကြပြီး ခရိုင်ဦးစီးမှူးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိ ရပါသည်။

DOCA (မွန်)