အ.ထ.က(ခွဲ) ကျွန်းကုန်းကြီးကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဆောင်ရွက်

Powered by Drupal

                 ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ကျွန်းကုန်းကြီးအုပ်စု၊ ကျွန်း ကုန်းကြီးကျေးရွာရှိ အ.ထ.က(ခွဲ) စာသင်ကျောင်း၌ ၂၀၂၆ခုနှစ် စက်တင်ဘာလ ၁၂ရက်နေ့ ၊နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်း၊မြို့နယ် ရဲတပ်ဖွဲ့ စခန်းမှူး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍လူကုန်ကူးမှု့အန္တရာယ်တားဆီးကာကွယ်ရေးနှင့် ပတ်သတ် ၍ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။

            အဆိုပါအသိပညာပေးပွဲအခမ်းအနား၌ မြို့နယ်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြား ပြီး သက်ဆိုင်ရာဌာန၊ အမျိုးသမီးရေးရာအဖွဲ့မှ လူကုန်ကူးမှု့ဖြစ်စဉ်များနှင့် ပတ်သတ်၍ အသိ ပညာပေးပြောကြားခဲ့ပါသည်။စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ရီရီရှိန်မှလည်း တက်ရောက်လာသောဌာနဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူ၊ ဆရာ/ဆရာမ (၁၈၅)ဦးတို့အား စားသုံး သူကာကွယ်ရေး ဥပဒေပါစားသုံးသူအခွင့်အရေးများအကြောင်း၊ကုန်ပစ္စည်းများဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိသောအချက်များကို သိရှိနိုင်ရန် နမူနာမုန့်ထုပ်များဖြင့် ရှင်းလင်းပြသအသိပညာပေးပြီး တက်ရောက်လာသူများမှ သိရှိလိုတာများကို အပြန်အလှန်ဆွေးနွေး အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။ကျွန်းကုန်းကြီးကျောင်းရှိ ကျောင်းမုန့်ဈေးဆိုင်ကိုလည်း  စားသုံး ရန်မသင့်‌သော အစားအစာများ မရောင်းချရန် ရောင်းချသည့်မုန့်များ သက်တမ်းလွန်များရှိ/မရှိ အား သက်ဆိုင်ရာဌာနများနှင့် ကျောင်းအုပ်ဆရာကြီး၊ဆရာမများပါ စစ်ဆေးဆောင်ရွက်ခဲ့ပါကြောင်း  သတင်းရေး သားတင်ပြအပ်ပါသည်။

DOCA(ပဲခူး)