Consumer Packaging ဆန်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

Powered by Drupal

            မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ၊ စက်တင်ဘာလ၊ အောက်တိုဘာလ၊ နိုဝင်ဘာလ (စပါးအသစ်ပေါ်ချိန်အထိ) ရောင်းချရမည့် သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်း (Resonable Market Price) အရ Consumer Packaging ဆန်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေ ရေးအတွက် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် သက်ဆိုင်ရာမိတ်ဖက်အစိုးရဌာနများ၊ ဆန်စပါးဆိုင်ရာ အသင်းအဖွဲ့များ နှင့်ပူးပေါင်း၍ ထိန်းကြောင်းကြပ်မတ်လျှက်ရှိပါသည်။

          (၁၇.၉.၂၀၂၆) ရက်နေ့ တွင် တောင်ငူခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှူး ဦးမင်းဇော်၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူနှင့်အဖွဲ့တို့သည် တောင်ငူမြို့ပေါ်ရှိ Consumer Packaging ဆန်များ ရောင်းချလျှက်ရှိသည့် လွင်မိုးဆန်ဆိုင်နှင့် ငွေစံအိမ်ဆန်ဆိုင်များသို့သွားရောက်၍ ဈေးနှုန်း မြှင့်တင်ရောင်းချ မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ လွင်မိုးဆန်ဆိုင်တွင် ရွှေဘိုပေါ်ဆန်း(1 Kg) တစ်အိတ် လျှင် (၅၆၀၀) ကျပ်၊ ကောက်ညှင်းဆန်ဖြူ (1 Kg) တစ်အိတ်လျှင် (၃၅၀၀)ကျပ်ဖြင့်ရောင်းချလျှက်ရှိပြီး ငွေစံအိမ်ဆန်ဆိုင်တွင် ရွှေဘိုပေါ်ဆန်း(1 Kg) တစ်အိတ်လျှင် (၅၅၀၀) ကျပ်ဖြင့်ရောင်းချနေသည့်အတွက် ဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)