
မန္တလေးတိုင်ဒေသကြီး၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်သည် လယ်ယာစိုက်ပျိုးရေးကို လုပ်ကိုင် သော မြို့နယ်တစ်ခုဖြစ်ပြီး ဒေသခံများသည် ရာသီအလိုက် ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ၊ ဂျုံ နှင့် စားဖိုဆောင် သီးနှံများကို အဓိကထားစိုက်ပျိုးလုပ်ကိုင်ကြပါသည်။ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပဲစဉ်းငုံ သီးနှံ လျာထားမှု အနေဖြင့် (၃၃၃၀၀)ဧက စိုက်ပျိုးရန်လျာထားခဲ့ပြီး၊ စိုက်ပျိုးမှုအနေဖြင့် (၃၁၄၁၁) ဧက စိုက်ပျိုးပြီး စီးကြောင်း သိရှိရသည်။ စိုက်ပျိုးသောမျိုးများမှာ ရွှေဒင်္ဂါးမျိုးနှင့် ငါးဆံပဲမျိုးများ အဓိက ထားစိုက်ပျိုးကြ ကြောင်း သိရသည်။ မျိုးအသုံးချမှုအနေဖြင့် တစ်ဧကလျှင်(၂)ပြည်ခန့် ထည့်သွင်းစိုက်ပျိုးကြောင်း၊ သီးညှပ်အဖြစ် စိုက်ပျိုးကြောင်းသိရသည်။ ယခင်နှစ် ပဲစဉ်းငုံ စိုက်ပျိုးဧက (၃၃၃၀၀)ဧကစိုက်ပျိုးခဲ့ပြီး တစ်ဧကပျမ်းမျှအထွက်နှုန်းအနေဖြင့် ရွှေဒင်္ဂါး (၁၂.၀၉) တင်းထွက်ရှိခဲ့ပြီး၊ ငါးဆံပဲ(၁၀.၃၈)တင်းထွက်ရှိ ကြောင်း သိရသည်။ပဲစဉ်းငုံကို မေလနှင့် ဇွန်လတွင် စိုက်ပျိုးကြပြီး ဒီဇင်ဘာနှင့် ဇန်နဝါရီလတွင် ရိတ်သိမ်းကြောင်း၊ ရာသီချိန် ပဲစဉ်းငုံတစ်တင်း ဈေးအနေဖြင့် (၉၀၀၀၀/၉၂၀၀၀) ကျပ်ရှိခဲ့ပါသည်။ ပဲစဉ်းငုံစိုက်ပျိုးမှုအများဆုံးအနေဖြင့် ဘုရားထူး ကျေး ရွာ၊ ရွာသစ်၊ စီထိန်း၊ တမာပင်၊ အောက်ရိုး၊ ရွာသာ၊ နတ်စိမ်း၊ ထနောင်းပင်၊ မြို့သာ၊ သရက္ကန်၊ အောင်ချမ်းသာကျေးရွာနှင့် ကုန်းသာကျေးရွာ စသည့်ကျေး ရွာများဖြစ်ပါသည်။ ယခုနှစ် ပဲစဉ်းငုံမျိုးဈေးအနေဖြင့် တစ်ပြည်လျှင်(၁၀၀၀၀)ကျပ် ဈေးများရှိခဲ့ပြီး ပဲစဉ်းငုံတစ်ဧက စိုက်ပျိုးမှု ကုန်ကျစရိတ် အနေဖြင့် မျိုး၊မြေယာပြုပြင်မှု၊ သွင်းအားစု၊ လုပ်သားခများ အပါအဝင် (၃၅၀၀၀၀) ကျပ်ဝန်းကျင် ခန့်ကုန်ကျမှုရှိပါသည်။ တောင်သူအကျိုးအမြတ်အနေဖြင့် (၃၀၀၀၀၀) ကျပ်ဝန်းကျင် ရှိပြီး နွားစာရှားပါးသည့် ဒေသများဖြစ်သည့်အတွက် အကျိုးအမြတ်နည်းပါးသော်လည်း တစ်ဖက်မှလည်းနွားစာ ရရှိသဖြင့် နှစ်စဉ်စိုက်ပျိုးလျက်ရှိပါသည်။ ဒေသထွက်ပဲစဉ်းငုံများကို ရောင်းဝယ်မှုဈေးကွက်အနေဖြင့် မန္တလေးမြို့နှင့် ကျောက်ဆည်မြို့များသို့ တောင်သူများကိုယ်တိုင် ဈေးဝယ်လိုက်ရင်းဖြင့်သော်လည်းကောင်း၊ ကားတင်ပေး၍သော်လည်းကောင်း အများဆုံးရောင်း ချကြပါသည်။
DOCA(မန္တလေး)
