စက်တင်ဘာလအတွင်း Thursday Talk ဟောပြောဆွေးနွေးပွဲ ကျင်းပခြင်း

Powered by Drupal

                     လစဉ်ကျင်းပလျက်ရှိသည့် Thursday Talk ဟောပြောဆွေးနွေးပွဲအား  Virtual စနစ်ဖြင့် မန္တလေးတိုင်းဒေသကြီးနှင့်စစ်ကိုင်းတိုင်းဒေသကြီးတို့ပူးပေါင်း၍ ၂၄.၉.၂၀၂၆ ရက် နေ့လည် (၁၄:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး အစည်း အဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။အဆိုပါဟောပြောဆွေးနွေးပွဲတွင်စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးဦးမင်းမင်းမှအဖွင့် နှုတ်ခွန်းဆက်စကားပြောကြားပြီးနောက် အခမ်းအနားကျင်းပရသည့်အကြောင်းအရင်းမှာ ဝန်ထမ်း များစကားပြောအရည်အသွေးတိုးတက်ပြီးလုပ်ငန်းခွင်တွင် အထောက် အကူဖြစ်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ယနေ့ခတ်လူငယ်များနေရာအသီးသီးတွင်စကားပြောဆိုအရည်အသွေး နဲ့ ပတ်သက်ပြီး English ဘာသာဖြင့်လည်း ကောင်း၊ မြန်မာဘာသာဖြင့်လည်းကောင်း၊ပညာရေး၊ စီးပွားရေး၊ ဖျော်ဖြေရေး ကဏ္ဍအသီးသီးတွင် Talk Show ကျင်းပတာတွေ့ရှိရပါကြောင်း၊ ယနေ့ခတ် လူငယ်များ  AI နှင့်ပတ်သက်၍ စိတ်ဝင်စားမှုမြင့်မားပြီး Internet မှတဆင့်  စကားပြောဆိုမှု များ ပြားလာတာတွေ့ရပါကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနတွင်ကြာသာပတေးနေ့တိုင်းTalk Showကျင်းပသည့်အလေ့အထကောင်း တွေ့ရှိရပါ ကြောင်း၊  မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ ဝန်ထမ်းများအနေဖြင့် အငယ်တန်း စာရေးအဆင့်မှစပြီး Talk Show တွင် ပြောနိုင်တာတွေ့ ရှိရပါကြောင်း၊ ၊Presentation လုပ်ရာတွင် လေ့လာမှတ်သားမှုရှိမှသာ  လုပ်ငန်းနှင့်သော်လည်းကောင်း၊  စားသုံးသူရေးရာဦးစီးဌာန၏ဥပဒေ နည်းဥပဒေနှင့် သော်လည်းကောင်း၊ပြင်ပဗဟုသုတနှင့်သော်လည်းကောင်း၊ စာအရေးအသား မှတ် သားမှုအခြေခံကာ ခေါင်းစဉ်အလိုက်ပြောကြားနိုင်မှာဖြစ်ကြောင်း၊တိုးတက်တဲ့အနေအထား တွေ့ရ ပါကြောင်း၊စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဒါဘာမှာသော်လည်းကောင်း၊ ဌာနစိတ်အလိုက် ရှင်းလင်းပြောကြားရာတွင်လည်းကောင်း  ပါဝင်ပြောဆိုဆွေးနွေးတဲ့ အလေ့ကျင့်ကောင်းများ စွာ ရှိတဲ့အတွက် ဝန်ထမ်းများစွမ်းဆောင်ရည် တိုးတက်စေပါကြောင်း၊  အငယ်တန်း စာရေးအဆင့် မှ စပြီး စင်မြင့်ပေါ်မှာ ချပေးတဲ့ခေါင်းစဉ်အလိုက်  Talk  Show ဟောပြောနိုင်တာတွေ့ရပါကြောင်း၊ ကိုယ်လေ့လာထားတဲ့ဘာသာ ရပ်များကို ကျွမ်းကျင်ပိုင်နိုင်စွာပြောနိုင်တာတွေ့ရလို ဌာနကိုယ်စား ဂုဏ်ယူမိကြောင်းပြောကြားခဲ့ပါသည်။ဆက်လက်၍မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးဇေယျာဆွေ မှ အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားပြီးနောက် အချက်နှစ်ချက်ပြောလိုပါကြောင်း ၊ အမြဲတန်း ဝန်ထမ်းခန့်ထားသည့်အခြေခံအကျဆုံး အငယ်တန်းစာရေးမှစပြီး၊ဝန်ထမ်းများအားလုံးအလေး ထားဆောင်ရွက်ဖို့  စိတ်ပညာအရ Zone လေးခု( Comfort Zone, Fear Zone ,Learning Zone, Growth Zone)အကြောင်း   ပြောကြားလိုပါကြောင်း၊  ပထမအချက် Comfort  Zone မှာဆိုရင် သာသာယာယာနဲ့တိုးတက်ရာတိုးတက်ကြောင်းနည်းနိုင်ပါကြောင်း၊ ဒုတိယအချက် Fear Zone မှာ ကောင်းမွန်တဲ့အလေ့အထ ဖြစ်လာဖို့အတွက် ကြောက်ရွံ့မှုများကို ကျော်လွှားနိုင်ဖို့လိုပါကြောင်း၊ တတိယအဆင့်အနေဖြင့်  Learning Zone မှာ လေ့လာမှတ်သား၊စုဆောင်းနိုင်မှသာ ပြောနိုင်ဆို နိုင်ပါဖြစ်ကြောင်း၊ နောက်ဆုံးအဆင့် Growth Zone ထဲရောက်မှသာ  တိုးတက်ကောင်းမွန်တဲ့ ‌ မိမိမျှော်မှန်းတဲ့ မိမိလိုချင်တဲ့အခြေအနေရောက်မှာဖြစ်ပါကြောင်း၊ အခုဟောပြောမယ့်ဝန်ထမ်း နှစ်ဦးမှာ  ဒီဇုန်လေးခုကို ကျော်ဖြတ်နေတာဖြစ်ပါကြောင်း၊ သူတို့ဆွေးနွေးမယ့် မိမိတို့ စားသုံးသူ ရေးရာဦးစီးဌာန၏ဥပဒေအကြောင်းနှင့် ပြည်တွင်းကုန်သွယ်မှုနှင့်ပတ်သက်သည့်   သနပ်ခါးနဲ့ ပတ်သက်တဲ့ သမိုင်းကြောင်း၊ အစဉ်အလာ၊ ဈေးနှုန်းဈေးကွက်အခြေအနေများကို လေ့လာထား မှသာပြောကြားနိုင်တာဖြစ်ပါကြောင်း၊အနီးကပ်ကြီးကြပ်ပေးတဲ့ဌာနခွဲအလိုက် ပူးပေါင်းဆောင် ရွက်မှုကောင်းမွန်တာကိုတွေ့ရပါကြောင်း၊ဒုတိယအချက်အနေဖြင့်ဌာနခွဲတာဝန်ခံများအနေဖြင့်ကိုယ်လုပ်ခဲ့တဲ့ဘာသာရပ်များနှင့်ပတ်သက်ပြီးအချင်းချင်းမျှဝေဆောင်ရွက်စေလိုပါကြောင်း၊ နောက်အပတ်များတွင် ဌာနခွဲတာဝန်ခံများအနေနှင့် အတွေ့အကြုံများ ဖလှယ်တင်ပြဆွေးနွေးပေးစေလိုပါ ကြောင်း၊စစ်ကိုင်းတိုင်းဒေသကြီးကိုလည်းပါဝင်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါကြောင်းပြောကြားခဲ့ပါသည်။

           မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံးမှ အငယ်တန်းစာရေး ဦးချမ်းသာမှ စားသုံးသူ ကာကွယ်ရေးအကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့်ဆွေးနွေးခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘို ခရိုင်ဦးစီးမှူးရုံးမှ အငယ်တန်းစာရေးဦးဇင်ဝေယံထက်မှ မြန်မာ့အလှတရားနှင့် ရွှေဘိုသနပ်ခါးခေါင်း စဉ်များအား Power Point Selide များဖြင့်  အသီးသီးဆွေးနွေးပြောကြားခဲ့ပါသည်။ဟောပြောချက် များနှင့်ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူး ဦးမင်းမင်းနှင့် မန္တလေးတိုင်းဒေသကြီးဦးစီးမှူး  ဦးဇေယျာဆွေတို့မှ တို့မှ ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ပြီးနောက်နောင်ဟောပြောပွဲ များတွင် ယခု ထက်ပိုမို ကောင်း မွန်သည်များဆွေးနွေးကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။ Thursday  Talk ဟောပြောဆွေးနွေးပွဲတွင်  မန္တလေး တိုင်းဒေသကြီးဦးစီးမှူးရုံးရှိ အရာထမ်းနှင့် အမှုထမ်းများမှ  in Person ဖြင့် တက်ရောက်ခဲ့ပြီး၊ကျောက်ဆည်ခရိုင်၊ပြင်ဦးလွင်ခရိုင်၊မိတ္ထီလာခရိုင်၊ မြင်းခြံခရိုင်ဦးစီးမှူးများ၊ ပြင်ဦးလွင်ခရိုင်နှင့်ညောင်ဦးခရိုင်တာဝန်ခံများနှင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှှ အရာထမ်းနှင့်အမှုထမ်းများ Virtual စနစ်ဖြင့် တက်ရောက်ခဲ့ပြီး နေ့( ၁၅:၀၀) နာရီအချိန် တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

Doca(မန္တလေး)