ဒိုက်ဦးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စစ်ဆေးရေးမှူး များ၏ လုပ်ငန်းတာဝန်များအကြောင်း အသိပညာပေး (Talk Show) ဟောပြော

Powered by Drupal

            ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒိုက်ဦးမြို့နယ်တာဝန်ခံရုံးအနေဖြင့် စားသုံးသူ ကာကွယ်ရေးလုပ်ငန်းများ၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ၁၄.၉.၂၀၂၆ ရက်နေ့၌ ဒိုက်ဦးမြို့နယ်တာဝန်ခံ ဦးကျော်သက်မိုးသည် ဒိုက်ဦး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စစ်ဆေးရေးမှူးများ၏ လုပ်ငန်းတာဝန်များအကြောင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

              မြို့နယ်တာဝန်ခံသည် ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးတွင် ဒိုက်ဦးမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  တာဝန်ရှိ သူနှင့်အတူ စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူကာကွယ်ရေးဥပဒေပါ (၂၀၁၉)ပါ ပြဌာန်းချက် များမှ စစ်ဆေးရေးမှူးများ၏ လုပ်ငန်းတာဝန်များအကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေကို (၂၀၁၉) ခုနှစ်၊ မတ်လ (၁၅) ရက်တွင် ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ် (၉/ ၂၀၁၉) ဖြင့် ပြဋ္ဌာန်း ခဲ့ပြီး စားသုံးသူကာကွယ်ရေးနည်းဥပဒေကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း၊ စစ်ဆေးရေးမှူးများ၏ လုပ်ငန်းတာဝန် (၁၁) ချက်ရှိကြောင်း၊ စစ်ဆေးရေးမှူး များ၏ လုပ်ပိုင်ခွင့် အကြောင်းအရာများအား အသေးစိတ်ဟောပြော ရှင်းလင်းခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(ပဲခူး)