ညောင်လေးပင်မြို့နယ်အတွင်းရှိ Consumer Packaging ဆန်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး ကွင်းဆင်းစစ်ဆေး

Powered by Drupal

               စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင် လေးပင်ခရိုင်ဦးစီးမှူးရုံးသည် ပြည်တွင်းကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ဆန်စက်နှင့် သိုလှောင်ရုံကိစ္စရပ်များ၊ ဆန်ဈေးနှုန်းတည်ငြိမ်စေရေးကိစ္စရပ်များကို အားကြိုးမာန်တက် လုပ် ဆောင်လျက်ရှိရာ ၂၄.၉.၂၀၂၆ ရက်နေ့တွင် ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ အငယ်တန်းစာရေး ဒေါ်ရွှန်းလဲ့ခင်အောင်၊ ဒေါ်စန္ဒာဦးနှင့် ဦးနေမျိုးဝင်းတို့သည် ညောင်လေးပင်မြို့နယ်ရှိ Super Market, Mini Market , နှင့် ဆန်အရောင်းဆိုင်များတွင် Consumer Packaging ဆန်များအား ဈေးနှုန်း မြှင့်တင်ရောင်းချမှု မရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

               ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ အငယ်တန်းစာရေး ဒေါ်ရွှန်းလဲ့ခင်အောင်၊ ဒေါ်စန္ဒာဦး နှင့် ဦးနေမျိုးဝင်းတို့သည် ညောင်လေးပင်မြို့၊ မြို့မ (၃) ရပ်ကွက်ရှိ Capital Super Market အား စစ်ဆေးခဲ့ရာ အငယ်တန်းစာရေး ဦးနေမျိုးဝင်းက စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ် (နေပြည်တော်) မှ အမိန့်ပေး ညွှန်ကြားချက်အရ လာရောက်စစ်ဆေးခြင်းဖြစ်ကြောင်း၊  Consumer Packaging ဖြင့် ထုပ်ပိုးရောင်းချနေသော ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်းဆန်များအား မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ သတ်မှတ်ထားသော သင့်တင့်မျှတသော ဈေးနှုန်း( Resonable Mraket Price) များအတိုင်းသာ ရောင်းချကြရန် အသိပညာပေး စစ်ဆေးခဲ့ပါသည်။ ကွင်းဆင်းစစ်ဆေးရာတွင် Capital Super Market ၌ ဧရာဝတီပေါ်ဆန်း အားဖြည့်ဆန် (2kg) အိတ်တစ်အိတ်လျှင် (၈၇၀၀) ကျပ်၊ (5kg) အိတ်တစ်အိတ်လျှင် (၂၁၇၀၀) ကျပ်၊ မြောင်းမြပေါ်ဆန်းမွှေးဆန် (5kg) အိတ် တစ်အိတ်လျှင် (၁၈၂၀၀) ကျပ်ဖြင့် ရောင်းချနေကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)