အင်ဒိုနီးရှား-GCC လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် အမြန်ဆုံးပြီးစီးရေး ဆော်ဒီအာရေဗျနှင့် ဆွေးနွေး

Powered by Drupal

           အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီး Budi Santoso သည် အင်ဒိုနီးရှားနှင့် ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) အကြား လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် (Indonesia-GCC FTA) ဆွေးနွေးမှုများ အမြန်ဆုံးပြီးစီးနိုင်ရေးအတွက် ဆော်ဒီအာရေဗျအစိုးရနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

      Budi Santoso သည် အမေရိကန်နိုင်ငံ Wisconsin ပြည်နယ် Milwaukee မြိုတွင် စက်တင်ဘာ ၃၀ ရက်က ဆော်ဒီအာရေဗျ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Majid bin Abdullah bin Osman Al Qasabi နှင့် တွေ့ဆုံခဲ့ပြီး အဆိုပါဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များ၊ အထူးသဖြင့် ရင်းနှီးမြှုပ်နှံသူများအတွက် လုံခြုံရေးအာမခံချက်နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သေချာမှုရှိစေရေးတိုကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

          အင်ဒိုနီးရှားအနေဖြင့် Indonesia-GCC FTA ဆွေးနွေးမှုများကို အပြီးသတ်နိုင်ရေး အပြည့်အဝကတိပြုထားပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ရင်းနှီးမြှုပ်နှံသူများ ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးညှိနှိင်းလျက်ရှိကြောင်း Budi Santoso က ပြောကြားသည်။ အင်ဒိုနီးရှားက ဆော်ဒီအာရေဗျ၏ ပူးပေါင်းကူညီမှုဖြင့် ဆွေးနွေးမှုများကို ပိုမိုမြန်ဆန်စွာ အပြီးသတ်နိုင်မည်ဟု မျှော်မှန်းထားပြီး GCC အဖွဲဝင်နိုင်ငံများနှင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေး ရည်မှန်းထားသည်။ Indonesia-GCC FTA ဆွေးနွေးမှုများသည် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၉ ရက်မှ ၂၂ ရက်အထိ ဆော်ဒီအာရေဗျနိုင်ငံ Riyadh မြိုတွင် ကျင်းပခဲ့သည့် စတုတ္ထအကြိမ် ဆွေးနွေးပွဲနောက်ပိုင်း သိသိသာသာ တိုးတက်လာခဲ့ကြောင်း သိရသည်။
         သဘောတူညီချက်ပါ အကြောင်းအရာအများစုကို သဘောတူညီမှုရရှိထားပြီးဖြစ်သော်လည်း ကုန်စည်များအတွက် ဈေးကွက်ဝင်ရောက်ခွင့်နှင့် အခြားသဘောတူညီရန် ကျန်ရှိနေသည့် ကိစ္စရပ်များကို အပြီးသတ်ဆွေးနွေးရန် အင်ဒိုနီးရှားဘက်က ဆက်လက်ကြိုးပမ်းလျက်ရှိသည်။ ထိုကြောင့် အဆိုပါဆွေးနွေးမှုများကို ၂၀၂၆ ခုနှစ်အတွင်း အပြီးသတ်နိုင်ရန် ရည်မှန်းထားသည်။ ထိုပြင် Budi Santoso က အင်ဒိုနီးရှားနှင့် ဆော်ဒီအာရေဗျအကြား နှစ်နိုင်ငံအကျိုးရှိစေမည့် မဟာဗျူဟာမြောက်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရန် အရေးကြီးကြောင်း ပြောကြားခဲ့သည်။ အဆိုပါကဏ္ဍများတွင် စွမ်းအင်၊ သတ္တုတွင်း၊ စိုက်ပျိုးရေး၊ ရေလုပ်ငန်း၊ ခရီးသွားလုပ်ငန်းနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတက်ရေးတို ပါဝင်သည်။ ထိုအပြင် ဟဂ်ျနှင့် အွမ်ရာ ဘုရားဖူးများအတွက် အရည်အသွေးပြည့်မီသော အစားအစာများ ထောက်ပံ့ပေးနိုင်ရေးအတွက် အစားအစာထုတ်ကုန်များ ကုန်သွယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိုလည်း တိုးမြှင့်ရန် အဆိုပြုခဲ့သည်။ Majid bin Abdullah bin Osman Al Qasabi က Indonesia-GCC FTA ဆွေးနွေးမှုများကို အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ရန် အင်ဒိုနီးရှား၏ ကတိကဝတ်ကို ကြိုဆိုခဲ့ပြီး ဆော်ဒီအာရေဗျအနေဖြင့် အင်ဒိုနီးရှားနှင့် မဟာဗျူဟာမြောက်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ထိုပြင် ဆော်ဒီအာရေဗျဘက်က နှစ်နိုင်ငံအကြား ပူးပေါင်းဖွံဖြိုးနိုင်မည့် ကဏ္ဍများကို ဖော်ထုတ်ခဲ့ပြီး Riyadh Expo 2030
တွင် အမြဲတမ်း “Indonesia Village” (Kampung Indonesia) တည်ထောင်ရန်လည်း အဆိုပြုခဲ့ကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)