အုတ်ဖိုမြို့တွင်လုပ်ငန်းသုံးဆီလျှောက်ထားသူလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

          ၂၀၂၆ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့၊နံနက် (၉:၃၀) နာရီအချိန်တွင် သာယာဝတီခရိုင် အုတ်ဖိုမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးတွင် သာယာဝတီခရိုင် ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးနိုင်လင်းထွန်းနှင့် မြို့နယ်ဆီလုပ်ငန်းရှင်များ လုပ်ငန်းသုံးဆီ လျှောက်ထားသူများနှင့် တွေ့ဆုံဆွေးနွေးဆောင်ရွက်မှု ပြုလုပ်ခဲ့ပါသည်။

          ထိုသို့တွေ့ဆုံရာတွင် ခရိုင်ဦးစီးမှူးမှ လုပ်ငန်းသုံးဆီများ ဖြန့်ဖြူးမှုနှင့် ပတ်သက်၍ အုတ်ဖို မြို့နယ်မှ ယခုလအတွင်း ခွဲတမ်းရရှိမှုအခြေအနေ၊လျှောက်ထားသူဦးရေပမာဏနှင့် မျှတစွာဖြန့်ဖြူးပေးနိုင်မှုများအားပွင့်လင်းမြင်သာစွာရှင်းလင်းပြောကြားပြီးလစဉ်လုပ်ငန်းလည်ပတ်မှုအခြေအနေ များနှင့် လျှောက်ထားမှုမှန်ကန်စေရန် ဝန်ခံဂတိနှင့်အတူ လစဉ်လျှောက်ထားရန် ရရှိသည့် ခွဲတမ်းအပေါ် မှန်မှန်ကန်ကန်အသုံးပြုကြရန်နှင့် အလွဲသုံးစားပြုပါကအရေးယူမှုဆောင်ရွက်မည်ဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ လုပ်ငန်းရှင် (၅၉) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)